မြို့သုံးမြို့တွင် တစ်ရက်တည်းမိုင်းပေါက်ကွဲမှုဖြစ်စဥ်များကြောင့် ကလေး ၁ ဦးအပါအ၀င် ၅ ဦးဒဏ်ရာရ

0
177

မြို့သုံးမြို့တွင် တစ်ရက်တည်းမိုင်းပေါက်ကွဲမှုဖြစ်စဥ်များကြောင့် ကလေး ၁ ဦးအပါအ၀င် ၅ ဦးဒဏ်ရာရခဲ့မှုဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါဖြစ်စဉ်သည် ကရင်ပြည်နယ်၊ မြဝတီမြို့၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့တို့တွင် ပြီးခဲ့သည့် ဇူလိုင်လ ၂၉ ရက်က ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ဝေါလေမြို့တွင် ဇူလိုင်လ ၂၉ ရက်နေ့ နံနက် ၉ နာရီအချိန်ခန့်က အမှတ်(၂)ရပ်ကွက်နေ မကောက်ချမ်း(၂၂)နှစ်၊ မဌေးမိုး(၂၀)နှစ်နှင့် မခင်မာအေး(၁၃)နှစ်တို့ ၃ ဦးသည် ရပ်ကွက်အနီးရှိ တောစပ်၌ မှိုရှာဖွေနေစဉ် အမည်မသိအဖွဲ့(စိစစ်ဆဲ)က ထောင်ထားသည့် မိုင်း ၁ လုံး ပေါက်ကွဲမှုကြောင့် ၎င်းတို့ ၃ ဦးတွင် မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့သည့်အတွက် ဆေးကုသမှုခံယူရန် ဆောင်ရွက်ပေးခဲ့ရကြောင်း သိရသည်။

အလားတူ ညနေ ၅ နာရီ ၃၀ မိနစ်အချိန်ခန့်ကလည်းစစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ တောင်ဇလပ်ရပ်ကွက်ရှိ ခရိုင်ဆည်မြောင်းရုံးအနီးရှိ အမှိုက်ပုံမှ ကော်ဘူးခွံများရှာဖွေကောက်ယူနေသည့်အောင်မြေမာန်ရပ်ကွက်နေ ဦးအောင်မင်းကို (၃၂)နှစ် (ဘ)ဦးသောင်းညွန့်သည် အမည်မသိအဖွဲ့က ထောင်ထားသည့် လက်လုပ်မိုင်း ၁ လုံးပေါက်ကွဲမှုကြောင့် မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့သည့်အတွက်တပ်မတော်ဆေးရုံသို့ ပို့ဆောင်ထားရှိခဲ့ရကြောင်း သိရသည်။

ယင်းနေ့ ည ၈ နာရီ ၃၀ မိနစ်အချိန်ခန့်ကလည်း ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တောင်ရပ်ကွက်၊ မူဆယ် မြို့နယ်ပြည်သူ့ဆေးရုံ၏ အဝင်တံခါးအနီးမှ အမည်မသိအဖွဲ့(စိစစ်ဆဲ)က ထောင်ထားသည့် လက်လုပ်မိုင်း ၁ လုံးပေါက်ကွဲမှုကြောင့် ဖြတ်သန်းသွားလာနေသူ ဦးအောင်နိုင်ဝင်း(၅၅)နှစ် (ဘ)ဦးအုန်းမောင်တွင် မိုင်းစထိမှန်ဒဏ်ရာများ ရရှိခဲ့သည့်အတွက် မူဆယ်မြို့နယ်ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူလျက်ရှိိကြောင်း သိရသည်။

အထက်ပါဖြစ်စဉ်များနှင့် ပတ်သတ်ပြီး ကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here