တောင်သူလယ်သမားရုပ်သံလိုင်းနှင့် အားကစားရုပ်သံလိုင်းများ အဆင့်မြှင့်တင်ထုတ်လွှင့်မှု ယနေ့စတင်

0
134

တောင်သူလယ်သမားရုပ်သံလိုင်းနှင့် အားကစားရုပ်သံလိုင်းများ အဆင့်မြှင့်တင်ထုတ်လွှင့်မှုကို ယနေ့ ဩဂုတ်လ ၁ ရက်တွင် စတင်လိုက်ပြီဖြစ်ကြောင်း သိရသည်။

MRTV Farmers’ Channel ကို လယ်ယာကဏ္ဍဆိုင်ရာ ခေတ်မီစိုက်ပျိုးမွေးမြူနည်းစနစ်များ၊ စိုက်ပျိုးရေးဆိုင်ရာ သတင်းအချက်အလက်များ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးဆိုင်ရာ နည်းပညာ၊ အတွေ့အကြုံ၊ အသိပညာဗဟုသုတရရှိစေရန် ၂၀၁၃ ခုနှစ်အောက်တိုဘာ ၁၅ ရက်မှ စတင်၍လည်းကောင်း၊ MRTV Sports Channel ကို အားကစားနည်းစနစ်များ၊ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ၊ ပြည်တွင်း၊ ပြည်ပအားကစားပွဲများ ကြည့်ရှုနိုင်ရန် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်မှ စတင်၍ လည်းကောင်း ထုတ်လွှင့်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ Hey Play Co., Ltd နှင့် ပူးပေါင်း၍ အစီအစဉ်များ အဆင့်မြှင့်တင်ခြင်း Rebranding ဆောင်ရွက်ပြီး ဩဂုတ် ၁ ရက်မှစတင်၍ နံနက် ၆ နာရီမှ ည ၁၂ နာရီအထိ စုစုပေါင်း ၁၈ နာရီကြာ ထုတ်လွှင့်သွားမည် ဖြစ်ကြောင်း သိရသည်။

မြန်မာ့အသံနှင့် ရုပ်မြင်သံကြားအနေဖြင့် ရုပ်သံနှင့်ရေဒီယို FM အစီအစဉ်များကိုနေ့စဉ် ထုတ်လွှင့်လျက်ရှိရာ ရုပ်သံထုတ်လွှင့်မှုအား DVB– T2 စနစ်ဖြင့် In – House Channel ခြောက်ခုအပါ အဝင် ပုဂ္ဂလိက Channel များ ထည့်သွင်းပြီး Channel ၁၈ ခုဖြင့် ထုတ်လွှင့်ပေးလျက်ရှိသည့် အပြင် DTH စနစ်ဖြင့်လည်း ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှစတင်၍ In–House Channel များဖြင့် ထုတ်လွှင့်လျက်ရှိရာမှ ယခုအခါရုပ်သံ မီဒီယာဖွံ့ဖြိုးတိုးတက်စေရန်နှင့် ပုဂ္ဂလိလုပ်ငန်း လုပ်ကိုင်နိုင်ရန်အတွက် Channel အသစ်များ ထပ်မံထည့်သွင်းထုတ်လွှင့်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here