အောင်ဘာလေ ကျပ်သိန်းငါးထောင်ဆုကို ” ခိုင်ရွှေဝါ ” ထီအရောင်းဆိုင်မှ ဆွတ်ခူး

0
218

ဩဂုတ်လ ၁ရက်(ယနေ့) တွင် ဖွင့်လှစ်သည့် အောင်ဘာလေ ကျပ်တစ်ထောင်တန် သိန်းဆုဖွင့်ပွဲမှ ကျပ်သိန်းငါးထောင်ဆုကို( ခ ၅၁၆၁၅၆ ) နံပါတ်ဖြင့် ” ခိုင်ရွှေဝါ ” ထီအရောင်းဆိုင်မှ ဆွတ်ခူးခဲ့ကြောင်း သိရသည်။

ယခုလအတွက် ကျပ်သိန်း ၂၀၀၀ ဆုမဲနံပါတ်မှာ( ဂ ၂၆၄၈၈၂) နှင့် ကျပ်သိန်း ၁၀၀၀ ဆုမဲနံပါတ်မှာ (စ ၃၀၈၁၅၆) ဖြစ်သည်။

ပြီးခဲ့သည့် ဇူလိုင်လအတွက် အောင်ဘာလေထီနှင့် အောင်ဘာလေအွန်လိုင်းထီ နှစ်ခုပေါင်း ထီလက်မှတ်ရောင်းရငွေမှာ ကျပ်သန်း (၅၃၀၀) ကျော်ရှိပြီး ယင်းမှ ကျပ်သန်း (၃၇၀၀) ကျော်ကို ထီဆုငွေအဖြစ် ခွဲဝေချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ဘာလေထီဖွင့်ပွဲတွင် အထူးဆုကြီးအဖြစ် ကျပ်သိန်း ငါးထောင် (၁)ဆု၊ ကျပ်သိန်း နှစ်ထောင် (၁)ဆုနှင့် ကျပ်သိန်း တစ်ထောင် (၁)ဆုကို ချီးမြှင့်သွားမည်ဖြစ်ပြီး အခြားဆုမဲအချို့ကိုလည်း အရေအတွက်တိုးမြှင့်ကာ ချီးမြှင့်သွားမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနမှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here