ကျိုက်ထီးရိုးတောင်ပေါ်ရှိ “ရိုးရိုးလေး”ဟိုတယ်၏ စတိုခန်းတွင် မီးလောင်မှုဖြစ်

0
166

မွန်ပြည်နယ်၊ကျိုက်ထိုမြို့၊ကျိုက်ထီးရိုးတောင်ပေါ်ရှိ “ရိုးရိုးလေး”ဟိုတယ်၏စတိုခန်းတွင် သြဂုတ် ၁ ရက်(ယနေ့)နေ့လည် ၁ နာရီခွဲက မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

“မိုးရွာနေတဲ့အချိန်မှာ ဟိုတယ်စတိုခန်းကနေလောင်တာပါ ပျက်စီးဆုံးရှုံးမှုကကြီးကြီးမားမားမတွေ့ပါဘူး အချိန်မီငြှိမ်းသတ်နိုင်ခဲ့ကြတယ် ထိခိုက်မိတာတွေလည်းမရှိပါဘူး”ဟု ဒေသခံတစ်ဦးကပြောသည်။

“ရိုးရိုးလေး”ဟိုတယ်၏စတိုခန်းမီးလောင်မှုအား ကျိုက်ထီးရိုးနယ်မြေမီးသတ်စခန်းမှမီးသတ်တပ်ဖွဲ့ဝင်များ၊အရန်မီးသတ်တပ်ဖွဲ့ဝင်များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့၍ နေ့လည် ၁ နာရီ ၄၄ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here