အင်းစိန်ထောင်မှ အကျဉ်းသားများ ဆက်လွှတ်နေ ၊ နာမည်ကြီး နိုင်ငံရေးအကျဉ်းသားများ ပြန်လွတ်လာသည်ကို မတွေ့ရသေး

0
225

ညနေ (၄) နာရီ ဝန်းကျင်အထိ အင်းစိန် အကျဉ်းထောင်မှ အကျဉ်းသားများ ပြန်လွှတ်ပေးလျက်ရှိဆဲဖြစ်သည်။

ယနေ့ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အင်းစိန်အကျဉ်းထောင်မှ အကျဉ်းသား တစ်ထောင်ကျော် ပြန်လွှတ်ပေးခဲ့ခြင်း ဖြစ်ပြီး လက်ရှိအချိန်ထိ ထင်ရှားသည့် နိုင်ငံရေး အကျဉ်းသားများ ပြန်လည်လွတ်မြောက်လာသည်ကို မတွေ့ရသေးပေ။

အင်းစိန်အကျဉ်းထောင်တွင် ရန်ကုန်စည်ပင်ဝန်ကြီး ဦးမောင်မောင်စိုး၊ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း၊ NLD သတင်းနှင့် ပြန်ကြားရေး ဦးကြည်တိုး တို့အပါအဝင် ဝါရင့်နိုင်ငံရေးသမားများ၊ ဗကသ အဖွဲ့ဝင်ကျောင်းသားများ ၊ မော်ဒယ်နှင့် သရုပ်ဆောင် သင်ဇာဝင့်ကျော် ၊ နန်းမွေစံတို့လည်း ထောင်ဒဏ်များ ချမှတ်ခံထားရခြင်း ဖြစ်သည်။

ယနေ့ ပြန်လည် လွတ်မြောက်သူများထဲတွင် ပုဒ်မ ၅၀၅ ဖြင့် ထောင်ဒဏ်ကျခံနေရသူအချို့ ပြန်လည် ပါဝင်လာသည်ကို တွေ့ရသော်လည်း အများစုမှာ ရာဇဝတ်ဖြင့် ထောင်ဒဏ်ကျခံနေရသူများကြောင်း ပြန်လည်လွတ်မြောက်လာသူအချို့ထံမှ စုံစမ်းသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here