ပြည်သူ့ရင်ပြင်၌ စက်မှုထုတ်ကုန်နှင့် EV ကားပြပွဲ (၃) ရက်ကြာ ကျင်းပမည်

0
174

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပြည်သူရင်ပြင်တွင် ၂၀၂၃ ခုနှစ်၊ မိုးရာသီဈေးရောင်းပွဲတော်၊ စက်မှုထုတ်ကုန်ပစ္စည်းပြပွဲနှင့် လျှပ်စစ်ကားပြပွဲကို ဩဂုတ်လ ၄ ရက်မှ ၆ရက်နေ့အထိ (၃) ရက်ကြာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ယမန်နေ့ ဇူလိုင်လ ၃၁ ရက်က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမတွင် ၂၀၂၃ ခုနှစ်၊ မိုးရာသီ ဈေးရောင်းပွဲတော်၊ စက်မှုထုတ်ကုန်ပစ္စည်းပြပွဲနှင့် လျှပ်စစ်ကား (EV)ပြပွဲကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့ကြောင်းနှင့် အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း တက်ရောက်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ ပြပွဲတွင် ပါဝင်ပြသရောင်းချသူများအနေဖြင့် ထုတ်ကုန်ပစ္စည်းများ၏ ထုတ်လုပ်နိုင်စွမ်းနှင့် အရည်အသွေးများကို ပြည်သူများထံ ချပြနိုင်ရန် အခွင့်အလမ်းတစ်ရပ် ရရှိမည်ဖြစ်ပြီး အရောင်းမြှင့်တင်နိုင်ရေးဈေးကွက် Promotion များလည်း ရရှိနိုင်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက အခမ်းအနားတွင် ထည့်သွင်းပြောကြားခဲ့သည်။

ယင်းဈေးရောင်းပွဲတော်တွင် အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဒေသထွက်ကုန်ပစ္စည်းများ၊ ရန်ကုန်တိုင်းဒေသကြီး၏ စက်မှုဇုန် (၂၉) ဇုန်မှ ထုတ်ကုန်ပစ္စည်းများ၊ MSMEs ထုတ်ကုန်ပစ္စည်းများ၊ အသင်းအဖွဲ့များ၏ ထုတ်ကုန်ပစ္စည်းများကိုလည်း ပြသရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here