အိန္ဒိယ၌ ဆောက်လုပ်ရေးလုပ်ငန်းခွင်အတွင်း ကရိန်းပြို၍ အလုပ်သမား ၁၇ ဦးသေဆုံး

0
147

မွမ်ဘိုင်း၊ဩဂုတ် ၁

အိန္ဒိယနိုင်ငံအနောက်ပိုင်းရှိ တည်ဆောက်ဆဲအမြန်လမ်းလုပ်ငန်းခွင်တစ်ခု၌ ကရိန်းပြိုကျမှုကြောင့် လုပ်သား ၁၇ ဦး ထက်မနည်း သေဆုံးခဲ့ကြောင်း သက်ဆိုင်ရာတာဝန်ရှိသူများကပြောကြားခဲ့သည်။

အဆိုပါမတော်တဆမှုသည် ညအချိန်၌ အလုပ်သမားများ အလုပ်ဆက်လုပ်နေစဉ်အတွင်း အောက်ဘက်ရှိကွန်ကရစ်တုံးကြီးများပေါ်သို့ ကရိန်းပြိုကျခြင်းဖြစ်သည်ဟု အိန္ဒိယနိုင်ငံ သဘာဝဘေးအန္တရာယ်တုံ့ပြန်ရေးအဖွဲ့ကပြောကြားခဲ့သည်။

မတော်တဆမှုဖြစ်ပြီးနောက်ပိုင်းတွင် ရုပ်အလောင်း ၁၇ လောင်းအားရှာဖွေတွေ့ရှိခဲ့ပြီး ဒဏ်ရာရသူသုံးဦးကိုလည်း ဆေးရုံသို့ပို့ဆောင်ထားပေးကြောင်းအာဏာပိုင်များကပြောကြားခဲ့သည်။

ယခုဖြစ်စဉ်နှင့်ပတ်သက်၍လည်း အိန္ဒိယဝန်ကြီးချုပ်နရင်ဒရာမိုဒီက သေဆုံးသူများ၏မိသားစုများနှင့် ထပ်တူစိတ်မကောင်းဖြစ်ရကြောင်းနှင့် သေဆုံးသူနှင့်ထိခိုက်ဒဏ်ရာရသူများ၏ သက်ဆိုင်ရာမိသားစုများအား လျော်ကြေးငွေများပေးရန်ညွှန်ကြားခဲ့ကြောင်းသိရသည်။

ယခု ကဲ့သို့ ဖြစ်စဉ်မျိုး လုပ်ငန်းခွင်မတော်တဆမှုများသည် အိန္ဒိယ ၌အဖြစ်များသောကိစ္စများဖြစ်ကာ ပြီးခဲ့သည့်နှစ်အောက်တိုဘာလကလည်း ဂူဂျာရတ်ပြည်နယ်၌ ပြင်ပြီးခါစတံတားပြိုကျမှုကြောင့် လူပေါင်း ၁၃၀ သေဆုံးမှုတစ်ခုလည်းဖြစ်ခဲ့သေးသည်။

Source : အေအက်ဖ်ပီ/ဂျေအို


LEAVE A REPLY

Please enter your comment!
Please enter your name here