အိုကီနာဝါသို့ တိုင်ဖွန်း ခနွန် နီးကပ်လာသဖြင့် လေကြောင်းခရီးစဉ်များဖျက်သိမ်း၊လူထောင်ချီဘေးလွတ်ရာရွှေ့ပြောင်းရန်အကြံပြုထား

0
86

တိုကျို၊ဩဂုတ် ၁

အင်အားပြင်းတိုင်ဖွန်းမုန်တိုင်း ခနွန်သည်ဂျပန်နိုင်ငံအိုကီနာဝါကျွန်းအနီးသို့ ချဉ်းကပ်လာသဖြင့် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းများတိုက်ခတ်မှုကြောင့် လူထောင်ချီအား ဘေးလွတ်ရာသို့ရွှေ့ပြောင်းရန်ညွှန်ကြားထားပြီး လေကြောင်းခရီးစဉ်များကို ဖျက်သိမ်းထားသည်ဟုသိရသည်။

အဆိုပါမုန်တိုင်း အိုကီနာဝါသို့ဝင်ရောက်ချိန်၌ တစ်နာရီလျှင်လေတိုက်နှုန်း ၁၄၅ မိုင်အထိရှိနိုင်ကြောင်းခန့်မှန်းထားကြပြီး အပူပိုင်းနေရာဒေသများရှိပြည်သူများအား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန်ညွှန်ကြားထားသည်ဟုဆိုသည်။

အဆိုပါမုန်တိုင်းသည် အနောက် မြောက်ပိုင်းရှိ နိုဟာမြို့သို့ဆက်လက်ရွေ့လျားကာ လူပေါင်း ၂၀,၀၀၀ ခန့်ထိခိုက်နိုင်သည်ဟုလည်းခန့်မှန်းထားကြသည်။

နိုဟာမြို့၏လေဆိပ်ကိုလည်းပိတ်ထားပြီး လေယာဉ်ခရီးစဉ်များလည်းဖျက်သိမ်းထားရပြီးလေယာဉ်ခရီးစဉ်ပေါင်း ၉၀၀ ကျော်ရပ်ဆိုင်းထားရသည်ဟုဆိုသည်။

ဂျပန်နိုင်ငံအခြားဒေသများ၌လည်း ပြင်းထန်သောမိုးကြိုးမုန်တိုင်းများကျရောက်ပြီး တိုကျိုနှင့်အနီးတစ်ဝိုက်ဒေသများတွင် အိမ်ထောင်စုပေါင်း ၁၅,၀၀၀ နီးပါးတွင် လျှပ်စစ်မီးပြတ်တောက်မှုများဖြစ်ပေါ်ခဲ့သည်ဟုလည်း တိုကျိုလျှပ်စစ်စွမ်းအားကုမ္ပဏီ၏ပြောကြားချက်အရသိရသည်။

Source : ရိုက်တာ/ဝိုင်ဘီ


LEAVE A REPLY

Please enter your comment!
Please enter your name here