ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရ

0
151

ထိုင်းနိုင်ငံ၊ ပထုန်ဌာနီခရိုင်တွင် အလုပ်လုပ်ကိုင်နေသည့် အသက်(၂၉)နှစ်အရွယ်ခန့်ရှိ မြန်မာနိုင်ငံသားတစ်ဦး ဇူလိုင်လ ၃၁ ရက်၊ ညပိုင်းက သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရကြောင်း သိရသည်။

ယင်းနေ့ညပိုင်းက ပထုန်ဌာနီခရိုင်ရှိ အလုပ်သမားတန်းလျားတွင် နေထိုင်ကာ အလုပ်အတူလုပ်ကိုင်သည့် မြန်မာနိုင်ငံသား ကိုကျော်ရဲအောင်နှင့် အသက်(၃၅)နှစ်အရွယ်ရှိ ကမ္ဘောဒီယားနိုင်ငံသားတို့သည် အလုပ်သမားတန်းလျား၌ စကားများရန်ဖြစ်ခဲ့ကြပြီးနောက် ကမ္ဘောဒီးယားနိုင်ငံသားမှ ကိုကျော်ရဲအောင်အား သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ပစ်ခတ်ပြီးနောက် ကမ္ဘောဒီးယားနိုင်ငံသားမှာ ထွက်ပြေးတိမ်းရှောင်သွားခဲ့သဖြင့် ပထုန်ဌာနီခရိုင်မှတာဝန်ရှိသူများက ဖမ်းဆီးရမိရေးအတွက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ထို့အတူ သေနတ်ဖြင့်ပစ်ခတ်ခံခဲ့ရသည့် ဒဏ်ရာရရှိခဲ့သော(မစိုးရိမ်ရ) မြန်မာနိုင်ငံသားအား ပထုန်ဌာနီခရိုင်ရှိ လူမှုကူညီရေးအသင်းဝင်များက ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here