နေပြည်တော် ပေါင်းလောင်းဆိပ်ကမ်းသာတွင် လှေစီးရင်း အမျိုးသမီးတစ်ဦး ရေထဲပြုတ်ကျသေဆုံး

0
86

နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ကျည်တောင်ကျေးရွာရှိ ပေါင်းလောင်းမြစ်၏ ပေါင်းလောင်းဆိပ်ကမ်းသာတွင် အပျော်စီးလှေ စီးနင်းနေသည့် အမျိုးသမီးတစ်ဦးသည် သြဂုတ်လ ၁ ရက်၊ မွန်းလွဲ ၂ နာရီကျော်ခန့်က ရေထဲပြုတ်ကျ၍ ရေနစ်သေဆုံးသွားခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ သိရသလောက်ဆိုရင် အဲဒီအမျိုးသမီးနဲ့အဖွဲ့က ဇဗ္ဗူသီရိမြို့နယ်၊ သပြေကုန်းရပ်ကွက်က အလှပြင်ဆိုင်မှာ အလုပ်လုပ်နေကြတဲ့သူတွေပါ။ လူ (၄) ယောက်လာတယ်။ ပေါင်းလောင်းမြစ်ထဲမှာ အပျော်စီးလှေ စီးရင်းရေထဲပြုတ်ကျသွားတာ”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောကြားသည်။

ရေထဲပြုတ်ကျသွားသည့် မမျိုးပပချို အသက် (၃၁)နှစ်ကို အနီးပတ်ဝန်းကျင်နေသူများက ဝိုင်းဝန်းရှာဖွေခဲ့ကြသဖြင့် (၄၅) မိနစ်ခန့်အကြာတွင် သေဆုံးလျက် ပြန်လည်တွေ့ရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှ ရေနစ်သေဆုံးသူ၏ရုပ်အလောင်းအား ကျည်ထောင်ကျေးရွာ နာရေးကူညီမှုအသင်းမှ နေပြည်တော်ခုတင်(၁၀၀၀)ဆံ့ဆေးရုံ ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here