(၄၂) ကြိမ်မြောက် ထီဖွင့်ပွဲမှ ထုတ်ယူရန် ကျန်နေသည့် ဆုမဲများ ယခုလကုန်အထိ ထုတ်ယူခြင်းမရှိပါက အခွန် ဘဏ္ဍာအဖြစ် သိမ်းမည်

0
115

၂၀၂၂ ခုနှစ် စက်တင်ဘာလ (၁) ရက်တွင် ဖွင့်လှစ်ခဲ့သည့် (၄၂) ကြိမ်မြောက် ထီဖွင့်ပွဲမှ ထုတ်ယူရန် ကျန်ရှိနေသည့် ဆုမဲပေါင်း (၁၃၀၀) ကျော်ကို ယခုလကုန်အထိ လာရောက်ထုတ်ယူခြင်းမရှိပါက အခွန်ဘဏ္ဍာအဖြစ် သိမ်းဆည်းမည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန အောင်ဘာလေသိန်းဆုဌာနခွဲက ထုတ်ပြန်ထားသည်။

ယင်း (၄၂) ကြိမ်မြောက် ကျပ် (၁၀၀၀) တန် အောင်ဘာလေသိန်းဆုဖွင့်ပွဲတွင် ဆုမဲ (၁၆၆၈၀) ဆု ခွဲဝေချီးမြှင့်ခဲ့ရာ ဆုမဲ (၁၃၆၉) ဆုကို ယနေ့တိုင်ထုတ်ယူခြင်း မရှိသေးဘဲ အဆိုပါ ဆုမဲများထဲတွင် ဆုမဲအကြီးအနေဖြင့် ကျပ်သိန်း (၂၀၀) တစ်ဆု၊ ကျပ်သိန်း (၅၀) တစ်ဆု၊ ကျပ်သိန်း (၂၀) သုံးဆု ပါဝင်နေကြောင်း သိရသည်။

အဆိုပါ လာရောက်ထုတ်ယူခြင်းမရှိသော ကျပ်သိန်း (၂၀ ၀) တစ်ဆု၊ ကျပ်သိန်း (၅၀) တစ်ဆု၊ ကျပ်သိန်း (၂၀) သုံးဆု၊ ကျပ် (၁၀) သိန်း ငါးဆု၊ ကျပ်သုံးသိန်း (၁၄) ဆု၊ ကျပ် နှစ်သိန်း (၃၃) ဆု၊ ကျပ်တစ်သိန်း (၄၅၁) ဆုနှင့် ကျပ်ငါးသောင်းဆု (၈၆၁) ဆု စသည့်ဆုရလက်မှတ်များကို ၂၀၂၃ ခုနှစ် သြဂုတ်လ ၃၁ ရက်အထိ ရန်ကုန်မြို့နှင့် မန္တလေးမြို့ရှိ အောင်ဘာလေသိန်းဆုဌာနခွဲရုံးများသို့ တင်ပြ၍ ဆုငွေများ တောင်းခံနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here