မော်လမြိုင် သံလွင်တံတားပေါ်မှ သံဃာတစ်ပါး ခုန်ချမှုဖြစ်ပွား

0
126

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ သံလွင်တံတားပေါ်မှ သံဃာတစ်ပါး ခုန်ချမှု ယ‌နေ့ ဩဂုတ်လ ၂ ရက် နံနက်ကဖြစ်ပွားခဲ့ကြောင်း သိရသည်။

မော်လမြိုင် သံလွင်တံတား RP 11 နှင့် RP 12 အကြားတွင် သံဃာတစ်ပါးသည် ယနေ့ နံနက် ၁၁ နာရီအချိန်ခန့်က သံလွင်မြစ်အတွင်းသို့ ခုန်ချသွားခြင်းဖြစ်သည်။

မွန်ပြည်နယ်၊ ပေါင်မြို့၊ မုတ္တမ၊ ရွှေရင်အေးကျောင်းမှ သက်တော်(၅၇)နှစ် ရှိ ဥူးအာစိန္တနှင့် သက်တော်(၄၉) နှစ်ရှိ ကိုရင်ကြီး ဥူးကောသလ္လ(ခ)ဦးကံဖန်တို့သည် မီနီအိုးဝေယာဉ်ဖြင့် ဥူးကောသလ္လကို မော်လမြိုင် မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်းဆေးရုံတွင် ရက်ချိန်းပြည့်သောကြောင့် ဆေးခန်းပြရန် ထွက်ခွာလာစဉ် ယခုဖြစ်စဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဥူးကောသလ္လသည် လမ်းတွင် အပေါ့အပါးသွားလိုကြောင်း ပြောသဖြင့် သုံးဘီးကို ခေတ္တရပ်ပေးလိုက်ရာ ဥူးကောသလ္လ တစ်ပါးတည်းဆင်းပြီး‌နောက် တံတားတစ်ဖက်ခြမ်းသို့လမ်းကူးသွားပြီး တံတား လက်ရန်းဘောင်မှ ကျော်ပြီး သံလွင်မြစ်အတွင်း ခုန်ချသွားခြင်းဖြစ်‌ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်ကြောင့် မော်လမြိုင်အခြေစိုက် ကယ်ဆယ်ရေးအဖွဲ့ဝင်များက သံလွင်မြစ်အတွင်း ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Photo – CJ


LEAVE A REPLY

Please enter your comment!
Please enter your name here