ထိုင်းသို့ ပြန်လည်ဝင်ရောက်လိုသည့် MoU လုပ်သားဟောင်းများ အနေဖြင့် U-Turn လုပ်ငန်းစဉ် ထပ်မံပြုလုပ်ရမည်ဟု သံရုံးသတိပေး

0
169

ထိုင်းနိုင်ငံအတွင်းသို့ ပြန်လည်ဝင်ရောက်လိုသည့် MoU လုပ်သားဟောင်းများ အနေဖြင့် U-Turn လုပ်ငန်းစဉ်ကို ထပ်မံပြုလုပ်ရမည်ဖြစ်ကြောင်း ဘန်ကောက်မြို့ရှိမြန်မာသံရုံးက အသိပေးကြေညာထားသည်။

မြန်မာလုပ်သားများအား MoU လုပ်ငန်းစဉ်ဖြင့် ထိုင်းနိုင်ငံသို့ လာရောက်အလုပ်လုပ်ကိုင်ရန် မြန်မာနိုင်ငံမှ မထွက်ခွာမီ (၅) နှစ်သက်တမ်းရှိသော PJ အမျိုးအစား နိုင်ငံကူးလက်မှတ်ကို ပြုလုပ်ပေးခဲ့ခြင်းဖြစ်သည်။

MoU လုပ်သားများသည် ထိုင်းနိုင်ငံ၌ (၄)နှစ်ကြာ အလုပ်လုပ်ကိုင်ပြီးပါက မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်ရမည်ဖြစ်ပြီး U-Turn အစီအစဉ်ဖြင့် ထိုင်းနိုင်ငံသို့ ပြန်လည်လာရောက်လိုပါက မြန်မာနိုင်ငံအတွင်း၌ MoU ၏ U-Turn လုပ်ငန်းစဉ်ကို ထပ်မံပြုလုပ်ရမည်ဖြစ်ကြောင်း အသိပေးချက်တွင် ဖော်ပြထားသည်။

အချို့သော MoU လုပ်သားများသည် နိုင်ငံကူးလက်မှတ်သက်တမ်း (၁) နှစ် ကျန်သေးသော်လည်း မြန်မာနိုင်ငံသို့ မပြန်ဘဲ သက်တမ်းကျော်လွန်သည်အထိ နေထိုင်‌နေကြသည်ကို စိစစ်တွေ့ရှိရကြောင်းလည်း သံရုံးကအသိပေးထားသည်။

ထို့ပြင် သက်တမ်းကုန်နေသော နိုင်ငံကူးလက်မှတ်များအား မြန်မာသံရုံး၌ အသစ်လာရောက်ပြုလုပ်ပါက ပျက်စီး/ ပျောက်ဆုံး ဒဏ်ကြေးကဲ့သို့ သတ်မှတ်ဒဏ်ကြေး ၃၆၅၀ ဘတ်ကို ပေးသွင်းကြရမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

Photo-အလုပ်သမားသံအရာရှိရုံး


LEAVE A REPLY

Please enter your comment!
Please enter your name here