မော်လမြိုင်တွင် အမျိုးသားတစ်ဦး ဆိုင်ကယ်တိမ်းမှောက်၍ ရေထဲပြုတ်ကျသေဆုံး

0
188

မွန်ပြည်နယ်၊ မော်လမြိုင်တွင် အမျိုးသားတစ်ဦး ဆိုင်ကယ်တိမ်းမှောက်၍ ရေထဲပြုတ်ကျသေဆုံးမှု ယမန်နေ့ ဩဂုတ်လ ၂ ရက် ညပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မော်လမြိုင်မြို့၊ ဇေယျာလမ်းတွင် ယမန်နေ့ ညပိုင်းက အသက် (၃၀) အရွယ်အမျိုးသားတစ်ဦးဆိုင်ကယ်မှောက်၍ ရေထဲတွင်မှောက်လျက်ကျနေသည့်အတွက်ရပ်ကွက်နေသူများမှ ဆယ်ယူခဲ့ရသည်။

” အခင်းဖြစ်စဉ်နေရာတော့မရောက်လိုက်ဘူး၊ သူတို့က ဆယ်ယူပြီး အိမ်ကိုပို့လိုက်ကြတယ်၊ ကျွန်တော်တို့ကို ဆေးရုံပို့ချင်တယ်လို့ အကြောင်းကြားလာလို့ ကူညီပို့ဆောင်ပေးခဲ့တာပါ” ဟု ကျန်းမာချမ်းသာလူမှုကယ်ဆယ်ရေးအဖွဲ့မှ တာ၀န်ရှိသူတစ်ဦးက ပေါ်ပြူလာနယူး(စ်) သို့ပြောသည်။

အဆိုပါဖြစ်စဉ်ကြောင့် ကျန်းမာချမ်းသာလူမှုကယ်ဆယ်ရေးအဖွဲ့ မှမော်လမြိုင်ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့သော်လည်းတွေ့ရှိချိန်မှ ကြာမြင့်နေပြီဖြစ်၍ လူနာမှာသေဆုံးသွား‌ကြောင်း ဆေးရုံမှအတည်ပြုခဲ့သည့်အတွက် ရင်ခွဲရုံသို့ထပ်မံပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ – ကျန်းမာချမ်းသာလူမှုကယ်ဆယ်ရေးအဖွဲ့


LEAVE A REPLY

Please enter your comment!
Please enter your name here