မြန်မာ-ရုရှား ပူးတွဲဥက္ကဋ္ဌအဖြစ်ဦးဆောင်၍အကြမ်းဖက်မှုတုန့်ပြန်ရေး ပူးတွဲ လေ့ကျင့်ခြင်းပြုလုပ်

0
200

မြန်မာ-ရုရှား ပူးတွဲဥက္ကဋ္ဌအဖြစ်ဦးဆောင်၍ အာဆီယံအပေါင်းနိုင်ငံများက အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေးဆိုင်ရာကျွမ်းကျင်လုပ်ငန်းအဖွဲ့၏ အကြမ်းဖက်မှုတုန့်ပြန်ရေး ပူးတွဲ လက်တွေ့လေ့ကျင့်ခြင်းလေ့ကျင့်ခန်းဖွင့်ပွဲအား သြဂုတ် ၂ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ Park Royal ဟိုတယ်တွင်ကျင်းပခဲ့သည်။

ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ)ဗိုလ်ချုပ်ကြီးမောင်မောင်အေးမှ ဖွင့်ပွဲအခမ်းအနားအထိမ်း အမှတ်တံဆိပ်အား ခလုပ်နှိပ်၍ ဖွင့်လှစ်ပေးကာ အဖွင့်မိန့်ခွန်းပြောကြားခဲ့သည်။

အဆိုပါ အာဆီယံအပေါင်းနိုင်ငံများ အကြမ်းဖက်မှုတုန့်ပြန်ရေး ပူးတွဲ လက်တွေ့ လေ့ကျင့်ခြင်း(Table Top Exercises)အား အာဆီယံအပေါင်းနိုင်ငံ ၁၂ နိုင်ငံမှတပ်မတော်အရာရှိကြီးများတက်ရောက်လျက်ရှိသည်။

ထို့ပြင် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီးမောင်မောင်အေးသည် တက်ရောက်လာသည့် ရုရှားတပ်မတော် အရှေ့ပိုင်းစစ်ဒေသမှ ဒု-အကြီးအကဲ ဒု-ဗိုလ်ချုပ်ကြီး Mikhail Nosulev အားလက်ခံတွေ့ဆုံ၍ မြန်မာ-ရုရှား နှစ်နိုင်ငံတပ်မတော်နှစ်ရပ်ကြား ချစ်ကြည်ရင်းနှီးမှုနှင့်ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန် ဆွေးနွေးခဲ့သည်။

မြန်မာနိုင်ငံနှင့်ရုရှားနိုင်ငံသည် အာဆီယံအပေါင်းနိုင်ငံများ အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေးဆိုင်ရာ ကျွမ်းကျင်လုပ်ငန်းအဖွဲ့၏ အလှည့်ကျဥက္ကဋ္ဌအဖြစ် ၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ တာဝန်ယူဆောင်ရွက်လျက်ရှိကာ အာဆီယံနိုင်ငံများနှင့်ဆွေးနွေးဘက်နိုင်ငံများ၏ တပ်ဖွဲ့ဝင်များကြား ထိတွေ့ဆက်ဆံမှု၊နားလည်မှု၊ယုံကြည်မှု၊ချစ်ကြည်ရင်းနှီးမှုနှင့်ဒေသတွင်းအကြမ်းဖက်မှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို အဖွဲ့ဝင်နိုင်ငံများကြားပူးပေါင်းဆောင်ရွက်နိုင်ရန် ဆောင်ရွက်လျက်ရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here