ရုရှားအကျိုးစီးပွားအာမခံပါက ပင်လယ်နက်သဘောတူညီချက်ပြန်အသက်ဝင်လာမည်ဟုခရင်မလင်ဆို

0
300

မော်စကို၊ဩဂုတ် ၂

ရုရှားအ‌နေဖြင့် ပင်လယ်နက်သဘောတူညီချက်အား ပြန်လည်၍ အတည်ပြုလက်ခံနိုင်ရန် သဘောတူညီချက်တွင်ပါဝင်သည့် ရုရှားအကျိုးစီးပွားကို ချက်ချင်းအကောင်အထည်ဖော်ပေးပါက သဘောတူညီချက်တွင်ပြန်ပါဝင်မည်ဟုခရင်မလင်ကဆိုသည်။

ပင်လယ်နက်သဘောတူညီချက်နှင့်ပတ်သက်ပြီး ရုရှားဘက်က ဆွေးနွေးမှုများပြန်လုပ်ရန် စိတ်ဝင်စားသည့်အရိပ်အယောင်ရှိနေသည်ဟု ကုလသမဂ္ဂဆိုင်ရာအမေရိကန်သံတမန်က မှတ်ချက်ပေးခဲ့ပြီးတစ်ရက်အကြာ၌ပင် ခရင်မလင်ပြောခွင့်ရပုဂ္ဂိုလ် ဒစ်မစ်ထရီပက်စ်ကော့ဗ်က ယခုကဲ့သို့ မှတ်ချက်ပေးခဲ့ခြင်းဖြစ်သည်။

သမ္မတပူတင်သည်လည်း ပင်လယ်နက်သဘောတူညီချက်အတွက် တုကီယေးသမ္မတအာဒိုဂန်နှင့် ထပ်မံဆွေးနွေးနေကြောင်း ၎င်းကဆက်‌လက်ပြောကြားခဲ့သည်။

နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ပင်လယ်နက်သဘောတူညီချက်၏တစ်စိတ်တစ်ပိုင်းဖြစ်သည့် ရုရှား ဂျုံနှင့်ဓာတ်မြေဩဇာများ ကို လွတ်လပ်စွာကုန်သွယ်ခွင့်အတွက် အကောင်အထည်ဖော်ရန်ပျက်ကွက်သည်ဟုဆိုကာ ရုရှားသည် ပြီးခဲ့သည့်လက ပင်လယ်နက်သဘောတူညီချက်မှနှုတ်ထွက်ခဲ့သည်။

ဆက်လက်၍ အနောက်အုပ်စုအနေဖြင့် ကမ္ဘာ့စားနပ်ရိက္ခာလိုအပ်ချက်ကိုမကြည့်ဘဲ ရုရှားအပေါ်ပိတ်ဆို့ဒဏ်ခတ်မှုများပြုလုပ်ခဲ့သည်ဟုလည်း မစ္စတာပက်စ်ကော့ဗ်ကပြောကြားခဲ့သည်။

ကမ္ဘာ့စားနပ်ရိက္ခာအကျပ်အတည်းကို လျှော့ချရန် ရည်ရွယ်သည့် အဆိုပါသဘောတူညီချက်မှ မော်စကိုဘက်က နှုတ်ထွက်လိုက်ချိန်မှစ၍ ဂျုံဈေးနှုန်းများလည်းမြင့်တက်လာခဲ့သည်။ယူကရိန်းနှင့်ရုရှားတို့သည် ကမ္ဘာပေါ်၌ဂျုံတင်ပို့သည့် ထိပ်တန်းနိုင်ငံများလည်းဖြစ်ကြသည်။

ပင်လယ်နက်သဘောတူညီချက်ကာလတစ်လျှောက်တွင် ယူကရိန်းဂျုံတန်ချိန်ပေါင်း ၃ ဒသမ ၃ သန်းခန့်အထိ ကို တင်ပို့နိုင်ခဲ့သည်ဟုဆိုသည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here