အင်္ဂပူမြို့နယ်ရှိ ရေကျော်တံတားကျိုးကျနိုင်၍ ပိတ်ဆို့နေမှုများကို ရှင်းလင်းဖယ်ရှား

0
153

ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်ရှိ ရေကျော်တံတားကျိုးကျနိုင်၍ ပိတ်ဆို့နေမှုများကို ယနေ့ သြဂုတ် (၃) ရက် နံနက် (၈) နာရီ ဝန်းကျင်က စတင်ကာ ရှင်းလင်းဖယ်ရှားခဲ့ရကြောင်း သိရသည်။

အဆိုပါ ရေကျော်တံတားသည် အင်္ဂပူမြို့နယ်၊ရှမ်းဂေါင်းဗြဲကျေးရွာအုပ်စု၊ ရေကျော်ကျေးရွာတွင်ရှိကာ ရေစီးနှင့်အတူမျောပါလာသည့် ဒိုက်မှိုက်များ၊ဝါးဖောင်နှင့်သစ်ပင်များပိတ်ဆို့နေသည့်အတွက် တံတားကျိုးကျနိုင်သဖြင့် အင်္ဂပူမြို့နယ်မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ဖယ်ရှားရှင်းလင်းခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here