ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဌာန ဒု-ဝန်ကြီးဒေါက်တာဝါဝါမောင်အား ICCR ၏ ထူးချွန်​ကျောင်းသား​ဟောင်းများဆု ပေးအပ်

0
204

အိန္ဒိယနိုင်ငံ ယဉ်ကျေးမှုဆိုင်ရာ ဆက်ဆံရေးကောင်စီ၏ ဂုဏ်ထူးဆောင် ဥက္ကဋ္ဌ Dr. Vinay Sahastrabuddhe က ဒု -ဝန်ကြီး ဒေါက်တာ ဝါဝါမောင်အား ရန်ကုန် Indian Cultural Centre တွင် သြဂုတ် ၂ရက်​နေ့ ည​နေက လာ​ရောက်ချီးမြှင့်​ပေးအပ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ICCR Distinguished Alumni Award ဆုအား အိန္ဒိယနိုင်ငံ ယဉ်ကျေးမှုဆိုင်ရာ ဆက်ဆံရေးကောင်စီမှ ကျောင်းသား၊ ကျောင်းသူဟောင်းများထဲမှ မိမိနိုင်ငံ၏အဆင့်မြင့်တာဝန်ထမ်း​ဆောင်ခွင့်ရသူများကို နှစ်စဥ်ဂုဏ်ပြုချီးမြှင့်ပေးလျက်ရှိခြင်းလည်း ဖြစ်သည်။

Indian Council of Cultural Relation (ICCR) မှ ၂၀၂၂ ခုနှစ်အတွက် ကျောင်းသားဟောင်းများအနက် နိုင်ငံ ၅ခုကို ရွေးခြယ်ပေးအပ်ခဲ့ရာ ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင် မှ Distinguished Alumni Award ပေးရာတွင် တစ်ယောက်အပါအဝင်ဖြစ်ခဲ့ခြင်းသည်

​ဒေါက်တာဝါဝါ​မောင်သည် (ICCR)၏ပညာသင်ဆုဖြင့် ၁၉၉၉ မှ ၂၀၀၂ ခုနှစ်အထိ Jawahalal Nehru University (JNU) တွင် PhD တက်ရောက်ခဲ့​သောကျောင်းသူတစ်ဦးဖြစ်သည်။

ထိုပွဲသို့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယ သံအမတ်ကြီး H.E. Shri Vinay Kumar တက်ရောက်ခဲ့သည်။

အိန္ဒိယနိုင်ငံ ယဉ်ကျေးမှုဆိုင်ရာ ဆက်ဆံရေးကောင်စီမှ မြန်မာနိုင်ငံသို့ ဘာသာရပ်အသီးသီးအတွက် ဘွဲ့ကြို၊ဘွဲ့လွန်နှင့် ပါရဂူ သင်တန်းများ၊ကာလတိုသင်တန်းများအတွက် ပညာသင်ဆုများ ဆက်လက်ပေးအပ်လျှက်ရှိကြောင်းသိရပါသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here