ပြည်တွင်း ခရီးသွားကုမ္ပဏီ(၂၃)ခုကို ထိုင်းဗီဇာ ဝန်ဆောင်မှု လုပ်ကိုင်ရန် ထိုင်းသံရုံးခွင့်ပြု

0
167

ထိုင်းဗီဇာ ဝန်ဆောင်မှု လုပ်ငန်းများ လုပ်ကိုင်ရန်အတွက် ပြည်တွင်းခရီးသွားကုမ္ပဏီ (၂၃)ခုကို ထိုင်းသံရုံးမှ ခွင့်ပြုလိုက်ကြောင်း ထိုင်းသံရုံးထုတ်ပြန်ချက်အရ သိရသည်။

ယင်းကဲ့သို့ ခွင့်ပြုပေးလိုက်သည့်အတွက် ထိုင်းဗီဇာယူရန် သံရုံးသို့ လူကိုယ်တိုင်သွားရောက်၍ တန်းစီရန် မလိုအပ်တော့ဘဲ ယခုရွေးချယ်ခံထားရသည့် ခရီးသွားကုမ္ပဏီများမှတဆင့် ဗီဇာလျှောက်ထားနိုင်ပြီဖြစ်ကြောင်း သိရသည်။

ထိုင်းဗီဇာ ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်ရန် ပြည်တွင်းမှ ကုမ္ပဏီ(၄၀၀)ကျော် လျှောက်ထားခဲ့ရာမှ ကုမ္ပဏီ(၂၃) ခုကို ထိုင်းသံရုံးက ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။

ဗီဇာဝန်ဆောင်မှုဖြင့် လျှောက်ထားလိုပါက မိမိလျှောက်ထားလိုသည့် ဗီဇာကြေးအပေါ် မူတည်ပြီး ၃၅ ဒေါ်လာမှ ဒေါ်လာ ၂၀၀၀ အထိ ကျသင့်မည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင်ထိုင်းသံရုံးဘက်ကခွင့်ပြုခဲ့သည့် ဗီဇာဝန်ဆောက်မှုကုမ္ပဏီများမှာ Precious Moments Travel & Tour Co.,Ltd ၊ Myanmar Than Thar Travel & Tour Co.,ltd ၊ Htoo Travels Co.,Ltd ၊ One Two Travels & Tours ၊ Asia Wave Travels & Tours Co.,Ltd ၊ Southern Asia Myanmar Travel & Tour Co.,Ltd ၊ Sawadee Holiday Travels & Tours Co.,Ltd ၊ Royal Paramount Business & Services Co.,Ltd ၊ SYJ Travels & Tours Co.,Ltd ၊ World Myanmar Travels & Tours Co.,Ltd ၊ Nice Style Travels & Tours Co.,Ltd ၊ Tori Travel Co.,Ltd ၊ World Connect Travels & Tours Co.,Ltd ၊ Myat Dhamma International Travels & Tours Co.,Ltd ၊ Flyogo Com pany Ltd ၊ Mores Myanmar Travels & Tours Co.,Ltd ၊ Nice Trip Holiday Travel & Tour Service Co.,Ltd ၊ Be st Top (Myanmar) Travels & Tours Co.,Ltd ၊ Easy Str eet Travel & Tour Co.,Ltd ၊ Tango Travel & Tour Co.,L td ၊ Bagan Princess International Tourism Co.,Ltd ၊ Natural Living Travels & Tours Co.,Ltd ၊ Talamon Travel & Tours Company Limited တို့ဖြစ်ကြောင်း သိရသည်။

ဗီဇာဝန်ဆောင်မှု ပေးရာတွင် ကုမ္ပဏီမှ အစအဆုံး တာဝန်ယူဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး နယ်မှ ဗီဇာလျှောက်ထားလိုသူများအတွက် အဆင်ပြေနိုင်ပြီး အထူးသဖြင့် ထိုင်းနိုင်ငံနှင့် နယ်နမိတ်ချင်း ထိစပ်နေသည့်မြို့များတွင် နေထိုင်သူများအတွက် ပိုမိုအဆင်ပြေနိုင်မည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here