အီရန်တို့နှောင့်ယှက်ခြင်းကို တားဆီးရန် ဟော်မုဇ်ရေလက်ကြားရှိ စီးပွားရေးသင်္ဘောများပေါ်တွင် လက်နက်ကိုင်တပ်ဖွဲ့များကို အမေရိကန်စစ်တပ်က ချထားနိုင်ဖွယ်ရှိ

0
166

အီရန်မှ အရပ်ဘက်သင်္ဘောများကို သိမ်းပိုက်ခြင်းနှင့် နှောင့်ယှက်ခြင်းများကို တားဆီးရန်ရည်ရွယ်၍ အမေရိကန်စစ်တပ်သည် Hormuz ရေလက်ကြားကိုဖြတ်သန်း သွားလာနေသည့် စီးပွားရေးဆိုင်ရာ သင်္ဘောများပေါ်တွင် လက်နက်ကိုင်တပ်ဖွဲ့ဝင်များအား ချထားမည်ဆိုခြင်းသည် ယခင်ကမကြားဖူးသည့် လုပ်ဆောင်ချက်တစ်ခုဖြစ်ကြောင်း အမေရိကန်အစိုးရ တာဝန်ရှိသူများက ကြာသပတေးနေ့တွင် အေပီသတင်းဌာနသို့ ပြောကြားခဲ့သည်။

၂၀၁၉ ခုနှစ်မှစ၍ ကမ္ဘာ့အင်အားကြီးနိုင်ငံများနှင့် ပြိုလဲသွားခဲ့သော နျူကလီးယားသဘောတူညီချက်ဆိုင်ရာ စေ့စပ်ညှိနှိုင်းမှုများနှင့်ပတ်သက်၍ အနောက်နိုင်ငံများအား ဖိအားပေးရန် ကြိုးပမ်းမှုတစ်စိတ်တစ်ပိုင်းအဖြစ် ပါရှန်ပင်လယ်ကွေ့၏ ကျဉ်းမြောင်းသော ရေလက်ကြားတွင် သင်္ဘောများကို အီရန်တို့က ဆက်တိုက်ဖမ်းဆီးသိမ်းပိုက် ခဲ့သည်။ ထို့ကြောင့် စီးပွားရေး သင်္ဘောများပေါ်တွင် အမေရိကန်တပ်များချထားခြင်းသည် အီရန်တို့က သင်္ဘောများသိမ်းခြင်းကို ပိုမိုဟန့်တားနိုင်သလို တင်းမာမှုများကိုလည်း ပိုမိုကြီးထွားလာစေနိုင်သည်။

ပင်တဂွန်က ရုရှားနှင့် တရုတ်တို့ကို အာရုံစိုက်ရန် ကြိုးပမ်းနေချိန်တွင် ယခု ဆောင်ရွက်မှုသည် အရှေ့အလယ်ပိုင်းတွင် အမေရိကန်တပ်ဖွဲ့များ၏ မကြုံစဖူး ထူးခြားသော လှုပ်ရှားမှုဖြစ်လာမည်။


LEAVE A REPLY

Please enter your comment!
Please enter your name here