(၂၄) ကြိမ်‌မြောက် International High School Arts Festival Awards Ceremony ၏ ပန်းချီကဏ္ဍတွင် မြန်မာနိုင်ငံမှ Grade-10 ကျောင်းသူတစ်ဦးဆုရရှိ

0
535

ဂျပန်နိုင်ငံ ၊ International Foundation for Arts and Culture (IFAC)မှ ကြီးမှူးကျင်းပသည့် (၂၄) ကြိမ်မြောက် International High School Arts Festival Awards Ceremony ၏ ပန်းချီကဏ္ဍတွင် မြန်မာနိုင်ငံမှ Grade-10 ကျောင်းသူတစ်ဦး ဆုရရှိခဲ့ကြောင်း သိရသည်။

ဆုပေးပွဲအား ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ The Ritz-Carlton Hotel ၌ သြဂုတ် (၂) ရက်က ကျင်းပခဲ့ရာ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးစိုးဟန်တက်ရောက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ပန်းချီကဏ္ဍတွင်ဆုရရှိခဲ့သည့် ပဲခူးတိုင်း ၊ ဝေါမြို့နယ်မှ Grade -10 ကျောင်းသူ မအိသက်ဇော်အား မြန်မာသံအမတ်ကြီး ဦးစိုးဟန်မှ Special Prize to the International Artists ဆုကို (IFAC)ကိုယ်စားပေးအပ်ခဲ့သည်။

International High School Arts Festival Awards အား နှစ်စဉ်ကျင်းပလျက်ရှိပြီး ယခုနှစ်တွင်ဆုရရှိခဲ့သည့် ဂျပန်နိုင်ငံမှ ကျောင်းသူ၊ ကျောင်းသားများအား (IFAC)၏ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပြည်ပနိုင်ငံ (၁၇) နိုင်ငံမှ ဆုရကျောင်းသူ၊ ကျောင်းသားများအား သက်ဆိုင်ရာ သံရုံးအကြီးအကဲနှင့် သံရုံးတာဝန်ရှိသူများက ဆုများချီးမြှင့်ပေးအပ်ခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here