မဟာအောင်မြေမြို့နယ်တွင် ဆိုင်ကယ်ကယ်ရီမောင်းသူမှ ငှားရမ်းစီးနင်းလာသည့် ခရီးသည်အား ဓားထောက်လုယက်

0
198

မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်၊ ၈၃ လမ်းနှင့် ၈၄ လမ်းကြားတွင် ဆိုင်ကယ်ကယ်ရီမောင်းသူမှ ငှားရမ်းစီး နင်းလာသည့် ခရီးသည်အားဓားဖြင့်ထောက်၍လုယက်ခဲ့မှု သြဂုတ် (၃) ရက်ညပိုင်းကဖြစ်ပွားခဲ့ကြောင်း မဟာလူမှုကယ်ဆယ်ရေးအဖွဲ့မှ သိရသည်။

ယမန်နေ့ည (၁၀) နာရီခန့်ကအမည်၊ နေရပ်လိပ်စာစုံစမ်းဆဲ ဆိုင်ကယ် ကယ်ရီမောင်းသူသည် မဟာအောင်မြေမြို့နယ်၊သံလျက်မှော် အနောက်ရပ်ကွက်ရှိ (၄၁) လမ်းကုန်စိမ်းစျေးမှ ဆိုင်ကယ်ကယ်ရီ ငှားရမ်းစီးနင်းလာသော ခရီးသည် အမျိုးသားအား (၈၃) လမ်းနှင့် (၈၄) လမ်းကြား၊ပေါင်းလဲတိုက်လမ်းကြား အရောက်တွင် ဆိုင်ကယ်ရပ်၍ ဓားထောက်ကာလုယက်ခဲ့ကြောင်း သိရသည်။

“ခရီးသည်ဆီကို ဓားနဲ့ထောက်ပြီးလုတာ။ လုလည်းပြီးရော အခင်းဖြစ်တဲ့နေရာမှာ ခရီးသည်ကို ထားပြီး မောင်းပြေးသွားတယ်။ ခရီးသည်ရဲ့ ပိုက်ဆံ ၃၀၀၀၀ လောက်ပါတဲ့ ပိုက်ဆံအိတ်ရယ် ၊ ဖုန်းရယ်၊ ကျောက်ကြည့်ဓာတ်မီးတွေပါသွားတယ်”ဟု လုံခြုံရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးကပြောသည်။

ဓားထောက်လုယက်ခံခဲ့ရသည့် ခရီးသည်အမျိုးသား၏ လည်ပင်းတွင်ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ)ရရှိခဲ့သဖြင့် မဟာလူမှုကယ်ဆယ်ရေးအဖွဲ့မှ မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

Photo-မဟာလူမှုကယ်ဆယ်ရေးအဖွဲ့


LEAVE A REPLY

Please enter your comment!
Please enter your name here