မလေးဝန်ကြီးချုပ်ဟောင်း မဟာသီယာ ဆေးရုံတင်ထားရဟုဆို

0
208

ကွာလာလမ်ပူ၊ဩဂုတ် ၄

မလေးရှားနိုင်ငံ၏ဝန်ကြီးချုပ်ဟောင်း မစ္စတာမဟာ သီယာ သည် ကွာလာလမ်ပူရှိ National Heart Institute ဆေးရုံ၌ ကုသမှုခံယူနေရကြောင်းသိရှိရသည်။

မစ္စတာမဟာ သီယာ နှင့်နီးစပ်သည့် အမည်မဖော်လိုသူတစ်ဦးကမူ မစ္စတာမဟာ သီယာ ၏အခြေအနေမှာစိုးရိမ်စရာမရှိကြောင်းနှင့် ကောင်းမွန်စွာဆေးကုသမှုခံယူနေကြောင်းပြောကြားခဲ့သည်။

အသက် ၉၈ နှစ်အရွယ်ရှိပြီဖြစ်သည့် မစ္စတာမဟာ သီယာ သည် မလေးရှားနိုင်ငံ၏ အထင်ရှားဆုံး နိုင်ငံရေးပုဂ္ဂိုလ်များထဲမှတစ်ဦးဖြစ်ပြီး စုစုပေါင်း ၂၄ နှစ်ကြာသည်အထိ ၀န်ကြီးချုပ်အဖြစ်တာဝန်ထမ်းဆောင်ခဲ့သူလည်းဖြစ်သည်။

မစ္စတာမဟာ သီယာ သည် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလနှင့် ၂၀၂၂ ခုနှစ်ဇန်နဝါရီလများတွင်လည်း ဆေးကုသမှု ခံယူရန် ရက်အတန်ကြာဆေးရုံတက်ခဲ့ရဖူးကြောင်းသိရသည်။

၎င်းသည်နှလုံးရောဂါဝေဒနာရှင်တစ်ဦးဖြစ်ပြီး နှလုံးနှင့်ပတ်သက်သည့်ပြဿနာများကြောင့် ခွဲစိတ်ကုသမှုခံယူရဖူးသူလည်းဖြစ်သည်။

Source : CNA


LEAVE A REPLY

Please enter your comment!
Please enter your name here