မဟာမုနိပိဋကတ်တိုက်တော်ပြခန်း၌ ပေစာထုပ်ပေါင်း ၂၁၂၇ ထုပ်၊ ကမ္မဝါထုပ်ပေါင်း ၂၂ ထုပ်နှင့် ပုရပိုက်ပေါင်း ၇၁ ထုပ် ရှိ

0
210

ပိဋကတ်တိုက်တော်ပြခန်းအားပြန်လည်ဖွင့်လှစ်ပြသသွားမည်

မူလပုံစံအတိုင်းပြန်လည်ပြုပြင်ပြီးစီးခဲ့သည့် မဟာမုနိဘုရားကြီး၏ ပိဋကတ်တိုက်တော်ပြခန်းအတွင်း၌ ပြသထားသည့်ပစ္စည်းမျာခင်းကျင်းထားရှိမှုကို မန္တလေးတိုင်းဝန်ကြီးချုပ်ဦးမျိုးအောင်မှ သြဂုတ် ၂ ရက်က ကြည့်ရှုစစ်ဆေးခဲ့သည်။

မန္တလေးတိုင်းဝန်ကြီးချုပ်ဦးမျိုးအောင်မှ ပိဋကတ်တိုက်တော်အတွင်း ရှေးဟောင်းပေစာ၊ပုရပိုက်စာများ ရေရှည်ခံအောင်ထိန်းသိမ်းဆောင်ရွက်ထားရှိမှု၊ကျွန်းခုံပေါ်ရှိ ပြသပစ္စည်း၊ ရှေးဟောင်းပေပုရပိုက်များအား မှန်အုပ်ဆောင်းအတွင်း လေအဝင်အထွက်ရရှိရန် စီမံထားရှိမှု၊ ကျန်ရှိပေစာ၊ပုရပိုက်စာနှင့်ကမ္မဝါတို့ကို ပြခန်းရှိဗီရိုများ၌ စနစ်တကျထိန်းသိမ်းပြသထားမှု၊ပြသပစ္စည်းများ၏ ရှင်းလင်းချက်စာသားများကို မြန်မာ- အင်္ဂလိပ် (၂)ဘာသာဖြင့် ဖတ်ရှုနိုင်သည့်အပြင် QR စနစ်များဖြင့် လေ့လာဖတ်ရှုနိုင်ရန်နှင့် E-Library အခန်းအတွင်း၌ အကြောင်းအရာ အပြည့်အစုံကို လေ့လာဖတ်ရှုနိုင်ရန် စီစဉ်ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးခဲ့သည်။

မဟာမုနိပိဋကတ်တိုက်တော်ပြခန်း၌ ပေစာထုပ်ပေါင်း ၂၁၂၇ ထုပ်၊ ကမ္မဝါထုပ်ပေါင်း ၂၂ ထုပ်နှင့် ပုရပိုက်ပေါင်း ၇၁ ထုပ်တို့ကို စနစ်တကျထိန်း သိမ်းပြသထားသည်။

မူလပုံစံအတိုင်းအကြီးစားပြုပြင်မှုများပြီးစီးသွားပြီဖြစ်၍ ပြန်လည်ဖွင့်လှစ်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here