ပုဂံတွင်ရှေးဟောင်းရေသွင်း/ရေထုတ်လမ်းကြောင်းများနှင့် ရေကြီးရေလျှံမှုများအား အီတလီမှပညာရှင်ဖြင့် ကွင်းဆင်းစစ်ဆေးနေ

0
239

အီတလီနိုင်ငံ University of Marche မှကျွမ်းကျင်ပညာရှင် Dr.Massimo Sarti သည် ပုဂံဒေသရှေးဟောင်းရေသွင်း/ရေထုတ်လမ်းကြောင်းများအား ဆက်လက်ရှာဖွေခြင်းကို ဇူလိုင်လ (၂၄) ရက်မှ စတင်ဆောင်ရွက်ခဲ့ပြီးကွင်းဆင်းလေ့လာတွေ့ရှိခဲ့မှုများနှင့် ထိန်းသိမ်းရန်လိုအပ်သည့် အခြေအနေများအား ညှိနှိုင်းဆွေးနွေးသည့် အစည်းအဝေးကို ဩဂုတ် (၂) ရက် နံနက်ပိုင်းက ပုဂံရှေးဟောင်း သုတေသနပြတိုက် အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် ပုဂံဌာနခွဲညွှန်ကြားရေးမှူးက အမှာစကားပြောကြားခဲ့ပြီး Dr.Massimo Sarti မှ ပုဂံဒေသရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သည့်အပေါ် ဖြေရှင်းမည့် နည်းလမ်း ၊ ဆက်လက်ဆောင်ရွက်သင့်သည့် အကြောင်းအရာများအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ညောင်ဦးခရိုင် ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ရေဝင်ရေထွက်စနစ်ဆောင်ရွက်ထားမှုများအားဆွေးနွေးခဲ့ပြီး ညောင်ဦးခရိုင်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနမှ ရေလမ်းကြောင်း ဆောင်ရွက်ထားမှုများအား ရှင်းလင်းဆွေးနွေးခြင်း၊ ညောင်ဦးခရိုင် စည်ပင်သာယာရေးအဖွဲ့မှ အနော်ရထာလမ်းတစ်လျှောက် ရေနှုတ်မြောင်းတူးဖော်ထားရှိမှုတို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှုး၊ ဆက်စပ်ဌာနများမှ တာဝန်ရှိသူများ ၊ ပုဂံဌာနခွဲမှ တာဝန်ရှိသူများသည် ဝက်ကြီးအင်းချောင်း၊ အလယ်ကန်၊ အလံပုဂံ၊ စူဠာမဏိဘုရား အနီးရှိ Viewing mound နှင့်မြကန်တို့၏ ရေသွင်းရေထုတ်စနစ်များသို့ ကွင်းဆင်းသွားရောက်ခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here