ဘီးလင်းမြို့ရှိ ရေဘေးရှောင်စခန်း (၂၄) ခု၌ လူဦးရေ ၆၀၀၀ ကျော် ခိုလှုံလျက်ရှိ

0
173

မွန်ပြည်နယ်၊ ဘီးလင်းမြို့တွင် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းမှ စတင်ကာ မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေစီးဆင်း၍ ဘီးလင်းမြစ်ရေမှာ စိုးရိမ်ရေမှတ်အထက် သို့ရောက်ရှိနေပြီး ရေဝင်နစ်မြုပ်မှုကြောင့် ရေဘေးရှောင်နေရသူ ၆၀၀၀ ကျော်အထိရှိနေကြောင်း သိရသည်။

ဘီးလင်းမြစ်ရေ မြင့်တက်မှုကြောင့် ဘီးလင်းမြို့ရှိ ရပ်ကွက် (၄) ခုနှင့် ဘီးလင်းမြို့နယ်အတွင်းရှိ ကျေးရွာအချို့ရှိ နေအိမ်များအတွင်းသို့ ရေဝင်နစ်မြုပ်မှုများဖြစ်ပေါ်နေသည့်အတွက် တာဝန်ရှိသူများက ယာယီရေဘေးရှောင် စခန်း (၂၄) ခု ဖွင့်လှစ်ကာ ကူညီပေးလျက်ရှိကြောင်း သိရသည်။

လက်ရှိအချိန်၌ ယာယီရေဘေးရှောင်စခန်း (၂၄) ခုတွင် အိမ်ထောင်စု (၁၂၅၈) စုမှ အမျိုးသား (၂၉၀၄) ဦး၊ အမျိုးသမီး (၃၂၂၅) ဦး ၊ စုစုပေါင်း (၆၁၂၉) ဦး ခိုလှုံနေထိုင်လျက်ရှိကာ မွန်ပြည်နယ်အစိုးရအဖွဲ့မှလည်း ရေဘေးသင့်ပြည်သူများအား ဆန်၊ဆီ၊ကြက်ဥ၊ရေသန့်ဘူးများနှင့်ခေါက်ဆွဲခြောက်များကို ထောက်ပံ့ပေးထားကြောင်း သိရသည်။

ထို့ပြင် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီးနှင့် ကျန်းမာရေးဝန်ထမ်းများကလည်း ရေဘေးရှောင် မိသားစုဝင်များနှင့် အတူပါရှိသည့် ဘိုး/ဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုများပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here