ဝမ်ယီအားဖိတ်ကြားထားသော်လည်း အကြောင်းမပြန်သေးဟုအမေရိကဆို

0
167

ကုလသမဂ္ဂ၊ဩဂုတ် ၄

အသစ်ပြန်လည်ခန့်အပ်ထားသော တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယီအား ဝါရှင်တန်သို့ဖိတ်ကြားထားသော်လည်း တရုတ်နိုင်ငံထံမှ တုံ့ပြန်မှုမရသေးကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်ကပြောကြားခဲ့သည်။

ဇူလိုင်လကုန်ပိုင်းက ယခင်နိုင်ငံခြားရေးဝန်ကြီး မစ္စတာချင်ဂန်အစား အစားထိုးခန့်အပ်ခဲ့သည့်မစ္စတာဝမ်ယီသည် ယခင်ကလည်းနိုင်ငံခြားရေးဝန်ကြီးဖြစ်ခဲ့သည်။

“အခုထိတော့တုံ့ပြန်မှုမ‌ရသေးပေမဲ့ ကျွန်တော်ပေကျင်းရောက်တုန်းကဆွေးနွေးခဲ့တဲ့ အရေးကြီးစကားတွေကိုဆက်ပြီးပြောဆိုဆွေးနွေးနိုင်ဖို့မျှော်လင့်ပါတယ်” ဟု မစ္စတာဘလင်ကန်ကသတင်းထောက်များအားပြောကြားခဲ့သည်။

ဝမ်၏ ဝါရှင်တန် ခရီးစဉ်မှတစ်ဆင့် အမေရိကန်ပြည်ထောင်စုနှင့်ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းထားရန်ဆန္ဒရှိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကပြောကြားခဲ့‌သော်လည်း အသေးစိတ်ဖော်ပြခြင်းမရှိခဲ့ပေ။

“မစ္စတာဝမ်ယီ ကြိမ်းသေပေါက် လာလိမ့်မယ်လို့မျှော်လင့်ပါတယ်။ ဆွေးနွေးမှုကိုအခြေခံပြီး အမေရိကနဲ့တရုတ် တို့ ရေရှည်ပူးပေါင်းနိုင်တဲ့ ဆက်ဆံရေးအတွက်လည်း နှစ်ဖက်လုံး၌တာဝန်ရှိပါတယ်” ဟု ၎င်းကပြောကြားခဲ့သည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here