အရေးကြီး စစ်ရေးသတင်းများ တရုတ်နိုင်ငံသို့ မျှဝေမှုဖြင့် အမေရိကန်ရေတပ်မှ တပ်ဖွဲ့၀င်နှစ်ဦး ဖမ်းဆီးခံရ

0
200

တရုတ်ထောက်လှမ်းရေးအရာရှိများထံသို့ အရေးကြီးသော အမေရိကန်စစ်သတင်းအချက်အလတ်များ ပေးပို့ခဲ့သည်ဟူသည် စွပ်စွဲချက်ဖြင့် အမေရိကန်ရေတပ်မှ တပ်ဖွဲ့၀င်နှစ်ဦး ဖမ်းဆီးခံထားရသည်။

ရေတပ်သားတစ်ဦးဖြစ်သည့် Jinchao Wei သည် San Diego ရေတပ်အခြေစိုက်စခန်းတွင် တာဝန်ထမ်းဆောင်ရန် ရောက်ရှိလာစဉ် ဗုဒ္ဓဟူးနေ့က ဖမ်းဆီးခံခဲ့ရကြောင်း ကယ်လီဖိုးနီးယားတောင်ပိုင်းခရိုင်ရှေ့နေချုပ်ရုံးက ကြာသပတေးနေ့တွင် ထုတ်ပြန်ခဲ့သည်။ အဆိုပါ အခြေစိုက်စခန်းသည် ပစိဖိတ်ဒေသရှိ အကြီးဆုံး ရေတပ်စခန်းများထဲမှ တစ်ခုဖြစ်သည်။

ဖမ်းဆီးခံထားရသည့် အခြားတပ်ဖွဲ့ဝင်တစ်ဦးမှာ အရာရှိငယ်တစ်ဦးဖြစ်သည့် Wenheng Zhao ဖြစ်ပြီး ကယ်လီဖိုးနီးယား Port Hueneme ရှိ Ventura ရေတပ်အခြေစိုက်စခန်းတွင် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။

Wei ကို စွဲဆိုထားသည့် စွဲချက်သည် Zhao နှင့် သီးခြားဖြစ်သည်။ Wei သည် ကြာသပတေးနေ့တွင် ၎င်း၏ကိုယ်စား ဖက်ဒရယ်တရားရုံး၌ ပထမဆုံးအကြိမ်အဖြစ် အပြစ်မရှိကြောင်း အသနားခံစာတင်သွင်းခဲ့ကြောင်း ကယ်လီဖိုးနီးယားတောင်ပိုင်းခရိုင်ရှေ့နေချုပ်ရုံး၏ ကြေညာချက်တွင် ဖော်ပြထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here