ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်က မှောက်သွား‌သောကူးတို့သင်္ဘောပေါ်မှ လူ ၆၇ ဦးစလုံးကို ကယ်တင်နိုင်ခဲ့ဟုဆို

0
186

မနီလာ၊ဩဂုတ် ၃

ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်သည် တစ်ပတ်အတွင်း ဒုတိယအကြိမ်အဖြစ် နစ်မြုပ်သော ကူးတို့ သင်္ဘောပေါ်မှ လူ ၆၇ ဦး စလုံးအား ကယ်တင်နိုင်ကြောင်းပြောကြားခဲ့သည်။

Jovelle Express 3 အမည်ရှိသင်္ဘောပေါ်မှ ခရီးသည်တစ်ဦးသည် ကေဇန်ပြည်နယ်ရှိ ပေါ်လီလိုကျွန်းအနီး၌ နေ့လယ်ပိုင်းအချိန်ခန့်က သင်္ဘောပျက်သွားသဖြင့် အကူအညီတောင်းခံရန် ကမ်းခြေစောင့်စခန်းသို့ဆက်သွယ်နိုင်ခဲ့ကြောင်းတာဝန်ရှိသူတစ်ဦးကပြောကြားခဲ့သည်။

ခရီးသည် ၆၀ နှင့်အမှုထမ်းခုနစ်ဦးအား ပေါ်လီလိုကျွန်းသို့ခေါ်ဆောင်ခဲ့ပြီး ကေဇန်ပြည်နယ်ရှိ၎င်းတို့၏‌နေရပ်သို့ပို့ဆောင်ရန် အခြားလှေတစ်စင်းကို စောင့်နေခဲ့သည်။

ပြီးခဲ့သည့်အပတ်ကလည်း မုန်တိုင်းကြောင့် ကူးတို့လှေတိမ်းမှောက်ခဲ့ပြီး လူ ၂၇ ဦးသေဆုံးခဲ့သည်။Aya Express ပေါ်ရှိ ခရီးသည်များနှင့် အမှုထမ်း စုစုပေါင်း၄၀ ကျော်ကိုကယ်တင်နိုင်ခဲ့ကြောင်း ကမ်းခြေစောင့်တပ်ဖွဲ့ကပြောကြားခဲ့သည်။

ဖိလစ်ပိုင်တွင် မုန်တိုင်းများမကြာခဏတိုက်ခတ်ခြင်း၊ ပြုပြင်ထိန်းသိမ်းမှု အားနည်းသောလှေများ၊လူအများအပြားတင်ဆောင်ခြင်းနှင့် ဘေးကင်းရေးစည်းမျဉ်းများကို လိုက်နာမှု အားနည်းခြင်းတို့ကြောင့် ပင်လယ်တွင်း မတော်တဆမှုများအဖြစ်များသည်။

၁၉၈၇ ခုနှစ် ဒီဇင်ဘာလတွင်လည်း ကူးတို့သင်္ဘောဒိုနာပက်ဇ်သည် လောင်စာဆီတင်သင်္ဘောနှင့်တိုက်မိပြီး လူပေါင်း ၄,၃၀၀ ကျော်သေဆုံးခဲ့ကာ ကမ္ဘာပေါ်တွင်အဆိုးရွားဆုံးသောရေကြောင်းဘေးအန္တရာယ်ဖြစ်ခဲ့သည်။

Source : AP


LEAVE A REPLY

Please enter your comment!
Please enter your name here