အသီးအရွက်ကားထဲ၌ ပုန်းအောင်းလိုက်ပါလာသည့် မြန်မာနိုင်ငံသား (၅၂) ဦး မဲဆောက်မြို့အထွက်တွင် ဖမ်းဆီးခံရ

0
138

သြဂုတ် (၃) ရက်ည (၉) နာရီခန့်အချိန်က ထိုင်းနိုင်ငံ၊ တာ့က်(ခ်)ခရိုင်၊ မဲဆောက်မြို့အထွက်တွင်အသီးအရွက်ကားထဲ၌ ပုန်းအောင်းလိုက်ပါလာသည့် မြန်မာနိုင်ငံသား (၅၂) ဦးကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးခဲ့ကြောင်း အလုပ်သမားအရေး ဆောင်ရွက်သူများထံမှ သိရသည်။

မဲဆောက်မြို့အထွက် ဟွေ့ဟင်ဖွန်စစ်ဆေးရေးဂိတ်တွင် တာဝန်ရှိသူများက ဖြတ်သန်းသွားလာနေသည့်ကားများအား စစ်ဆေးမှုများ ပြုလုပ်စဥ် အသီးအရွက်တင်ကားအတွင်း၌ ပုန်းအောင်းကာ ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား (၅၂) ဦးနှင့်ထိုင်းနိုင်ငံသား ယာဉ်မောင်းဖြစ်သူတို့အား ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးရမိခဲ့သည့် မြန်မာနိုင်ငံသားများအား စစ်ဆေးရာ မြဝတီမြို့မှတဆင့် သောင်ရင်းမြစ်အားဖြတ်ကူး၍ ဝင်ရောက်လာသူများနှင့် မြဝတီ – မဲဆောက်ချစ်ကြည်ရေး အမှတ်(၁)တံတားပေါ်မှ ယာယီနယ်စပ်ဖြတ်သန်းခွင့် (၇) ရက် လက်မှတ်ပြုလုပ်၍ ဝင်ရောက်လာသူများဖြစ်ပြီး ထိုင်းနိုင်ငံ၌ အလုပ်လုပ်ကိုင်ရန် ပွဲစားခအဖြစ် တစ်ဦးလျင် ဘတ် (၂၀၀၀၀) စီပေးချေခဲ့ရကြောင်း သိရသည်။

ယင်းဖမ်းဆီးရမိခဲ့သည့် ထိုင်းနိုင်ငံသား ယာဉ်မောင်းနှင့်မြန်မာနိုင်ငံသားများအား ထိုင်းနိုင်ငံ လဝက ဥပဒေအရ အရေးယူရန် မဲဆောက်ရဲတပ်ဖွဲ့က ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here