တရုတ်သူလျှိုမှုဖြင့် အမေရိကန်ရေတပ်ဝန်ထမ်းနှစ်ဦးဖမ်းဆီးခံရ

0
133

လော့ဆန်းဂျလိစ်၊ဩဂုတ် ၄

တရုတ်နိုင်ငံအတွက် သူလျှိုလုပ်သည်ဟူသော သံသယဖြင့် အမေရိကန်ရေတပ်အမှုထမ်းနှစ်ဦးကို ဖမ်းဆီးထားကြောင်း တရားရေး ဝန်ကြီးဌာနက သြဂုတ်လ ၃ ရက်တွင်ပြောကြားခဲ့သည်။

၎င်းတို့နှစ်ဦးသည် စစ်သင်္ဘောများအားအသုံးပြုပုံစာအုပ်များအပါအဝင် ၎င်းတို့၏လက်နက်စနစ်များ၊ရေဒါစနစ်အတွက် အသေးစိတ်အချက်များနှင့် အမေရိကန်စစ်ရေးလေ့ကျင့်မှုပြုလုပ်ရန် အစီအစဉ်များပါရှိသော လျှို့ဝှက်အချက်အလက်များကို ပေကျင်းသို့ရောင်းချသည်ဟုစွပ်စွဲခံထားရခြင်းဖြစ်သည်။

ဆန်ဒီယာဂိုရှိ USS Essex သင်္ဘောပေါ်တွင် တာဝန်ထမ်းဆောင်နေသော သင်္ဘောသား Wei Jinchao သည် သင်္ဘောများ၏လည်ပတ်မှုအပါအဝင် ၎င်းတို့၏စနစ်များနှင့်ပတ်သက်၍ အသေးစိတ်စာရွက်စာတမ်းများ၊ဓာတ်ပုံနှင့် ဗီဒီယိုဒါဇင်ပေါင်းများစွာကို ပေကျင်းအားလွှဲပြောင်းပေးခဲ့ကြောင်း တရားရေးဝန်ကြီးဌာနကသတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါအချက်အလက်များတွင် လက်နက်နှင့် ပတ်သက်သည့် နည်းပညာနှင့်စက်ပိုင်းဆိုင်ရာ လက်စွဲများပါဝင်ပြီး သတင်း‌ပေးမှုအတွက် ဒေါ်လာထောင်ပေါင်းများစွာရရှိခဲ့သည်ဟုစွပ်စွဲခံထားရသည့် အသက် ၂၂ နှစ်အရွယ်ရှိ၎င်းအမျိုးသားသည် ပြစ်မှုထင်ရှားပါက ထောင်ဒဏ်တစ်သက်တစ်ကျွန်းကျခံရနိုင်သည်ဟုလည်းဆိုသည်။

အသက် ၂၆ နှစ်အရွယ်ရှိ Zhao အမည်ရှိ ကျန်အမျိုးသားတစ်ဦးကမူ အင်ဒို – ပစိဖိတ်ဒေသရှိ အမေရိကန်၏အကြီးစားစစ်ရေးလေ့ကျင့်မှုနှင့်ပတ်သက်သည့် ကုန်းရေနှစ်သွယ်ဆင်းသက်သည့်အချိန်နှင့် တည်နေရာအသေးစိတ်အချက်များအတွက် တရုတ်ထောက်လှမ်းရေးအေးဂျင့်တစ်ဦးကကန်ဒေါ်လာ ၁၅,၀၀၀ နီးပါးပေးဝယ်ခဲ့သည်ဟုစွပ်စွဲခံထားရခြင်းဖြစ်သည်။

ထို့ပြင်၎င်းအား ဂျပန်နိုင်ငံတောင်ပိုင်းရှိ အမေရိကန်စစ်အခြေစိုက်စခန်းတစ်ခု၏ ရေဒါစနစ်အတွက် လျှပ်စစ်ပုံကြမ်းများနှင့် အသေးစိတ်ပုံစံများကို လွှဲပြောင်းပေးအပ်ခဲ့ကြောင်းလည်းစွပ်စွဲထားသည်။၎င်းသည်လည်းပြစ်မှုထင်ရှားပါက ထောင်ဒဏ်အနှစ် ၂၀ အထိချမှတ်ခံရနိုင်သည်ဟုဆိုသည်။

Source :AFP


LEAVE A REPLY

Please enter your comment!
Please enter your name here