ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်းကို ထောင်ဒဏ် ၃ နှစ် ချမှတ်

0
201

ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း Imran Khan သည် အကျင့်ပျက်ခြစားမှု စွပ်စွဲချက်များနှင့် ပတ်သက်၍ ထောင်ဒဏ် ၃ နှစ် ချမှတ်ခံရပြီးနောက် နိုင်ငံအနှံ့ ဆန္ဒပြပွဲများ ပြုလုပ်ရန် သူက တောင်းဆိုခဲ့သည်။ စီရင်ချက်ချပြီးနောက် Mr Khan ကို Lahore ရှိ ၎င်း၏နေအိမ်မှ ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

Mr Khan သည် သူ့အတွက် ရရှိသောလက်ဆောင်များရောင်းချခြင်းမှ ရရှိသည့် ငွေများကိုမကြေငြာခြင်းအတွက်အပြစ်ရှိကြောင်းတွေ့ရှိခဲ့သဖြင့် ယခုကဲ့သို့ ပြစ်ဒဏ်ချမှတ်ခံရခြင်းဖြစ်သည်။ သူက စွဲချက်များကို ငြင်းဆိုထားပြီး အယူခံဝင်မည်ဟု ဆိုသည်။

“ကျွန်တော့်မှာ မေတ္တာရပ်ခံချင်တာ တစ်ခုပဲရှိပါတယ်၊ အဲဒါကတော့ အိမ်ထဲမှာ ခင်ဗျားတို့ ငြိမ်မနေကြပါနဲ့” ဟု ယခင်က Twitter ဟုလူသိများသော X သို့ တင်ထားသော ဗီဒီယိုဖိုင်တစ်ခု၌ ၎င်းက ပြောကြားထားသည်။ “ခင်ဗျားတို့နဲ့ တိုင်းပြည်နဲ့ ခင်ဗျားတို့ရဲ့ သားသမီးတွေရဲ့ အနာဂတ်အတွက် ကျွန်တော် ရုန်းကန်နေရတယ်” ဟုလည်း သူက ယင်းဗီဒီယိုတွင် ထည့်သွင်းပြောဆိုထားသည်။

အသက် ၇၀ အရွယ် ခရစ်ကက်ကစားသမားဟောင်း Imran Khan သည် ၂၀၁၈ ခုနှစ်တွင် ဝန်ကြီးချုပ်အဖြစ် ရွေးကောက်တင်မြှောက်ခံခဲ့ရသော်လည်း ပါကစ္စတန်၏ အင်အားကြီးစစ်တပ်နှင့် ယှဉ်ပြိုင်ရာတွင် ရှုံးနိမ့်ပြီးနောက် ယမန်နှစ်က အယုံအကြည်မရှိမဲဖြင့် ရာထူးမှ ဖြုတ်ချခံခဲ့ရသည်။

Mr Khan သည် ၎င်းအား ရာထူးမှ ဖယ်ရှားပြီးနောက် စွဲဆိုထားသည့် အမှုပေါင်း ၁၀၀ ကျော်ကို ရင်ဆိုင်နေရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here