အိန္ဒိယ Chandrayaan-3 အာကာသယာဉ် လ၏ ပတ်လမ်းထဲ ဝင်ရောက်

0
260

အိန္ဒိယနိုင်ငံ၏ လပေါ်သို့ဆင်းသက်မည့် အာကာသအစီအစဉ်ဖြစ်သော Chandrayaan-3 အာကာသယာဉ်သည် ယမန်နေ့ စနေနေ့တွင် လ၏ ပတ်လမ်းအတွင်းသို့ ဝင်ရောက်ခဲ့ပြီဖြစ်ကြောင်း လွှတ်တင်ပြီး သုံးပတ်အကြာဖြစ်သည့် သြဂုတ်လ ၅ရက် စနေနေ့တွင် အိန္ဒိယအာကာသ သုတေသနအဖွဲ့ (ISRO)က ကြေညာခဲ့သည်။

အိန္ဒိယ၏ လပေါ်သို့ ဆင်းသက်မည့် အာကာသအစီအစဉ်များအနက် Chandrayaan-1 အာကာသယာဉ်သည် ၂၀၀၈ ခုနှစ်တွင် လ၏တောင်ဝင်ရိုးစွန်း၌ ပျက်ကျခဲ့ပြီး ၊ Chandrayaan-2 အာကာသယာဉ်မှာလည်း ထိန်းချုပ်ထားသော ဆင်းသက်မှုကို ကြိုးပမ်းစဉ် ၂၀၁၉ ခုနှစ်တွင် အလားတူပျက်ကျခဲ့သည်။ မြေပြင်ထိန်းချုပ်မှုဖြင့် မဆင်းသက်မီ ဆက်သွယ်ရေး အခိုက်အတန့်ပြတ်တောက်သွားခဲ့သဖြင့် အစောပိုင်းကြိုးပမ်းမှုများ မအောင်မြင်ခဲ့ခြင်းဖြစ်သည်။

လက်ရှိအချိန်အထိတွင် ရုရှား၊ အမေရိကန်နှင့် တရုတ်တို့ကသာ လပေါ်သို့ အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့ကြပြီးဖြစ်သည်။

အိန္ဒိယ အိန္ဒိယအာကာသ သုတေသနအဖွဲ့၏ ယခုအာကာသမစ်ရှင်သည် သက္ကဋ ဘာသာအရ “စန္ဒယာန(လယာဉ်)”ဟု အဓိပ္ပါယ်ရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here