တိုင်းဒေသကြီး (၄)ခုမှ MSME လုပ်ငန်းရှင်များအား ယာယီမှတ်ပုံတင် လက်မှတ်များထုတ်ပေး

0
321

နေပြည်တော်အပါအဝင် ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ မကွေးတိုင်းတို့မှ MSME လုပ်ငန်းရှင် (၂၂) ဦးအား အသေးစား၊အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများအတွက် ယာယီမှတ်ပုံတင်လက်မှတ်များအား သြဂုတ် (၅) ရက်မွန်းလွဲပိုင်းက ထုတ်ပေးခဲ့သည်။

MSME လုပ်ငန်းရှင် (၂၂) ဦးအတွက် ယာယီမှတ်ပုံတင်လက်မှတ်များအား စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း တက်ရောက်ပေးအပ်ခဲ့သည်။

ပြည်ထောင်စုဝန်ကြီးမှ MSME လုပ်ငန်းများအတွက် လုပ်ငန်းမှတ်ပုံတင်လက်မှတ်အား MSME Webportal မှတဆင့် Online Registration & e-Payment စနစ်ဖြင့် လျှောက်ထားနိုင်ရန်ဆောင် ရွက်လျက်ရှိကာ စတင်လျှောက်ထားနိုင်ပါက လုပ်ငန်းရှင်များထံ သတင်းအချက်အလက်များဖြန့်ဝေပေးသွားမည်ဟုလည်း ပြောကြားခဲ့သည်။

ထို့ပြင် MSME ဥပဒေရေးဆွဲပြီးချိန်၌ ဥပဒေအရလုပ်ငန်း အရွယ်အစား သတ်မှတ်ချက်များ
နှင့်အညီ မှတ်ပုံတင်လက်မှတ်ထုတ်ပေးသွားမည်ဖြစ်၍ MSME လုပ်ငန်းရှင်များအနေဖြင့် သတ်မှတ်ချက်များနှင့်အညီ မှတ်ပုံတင်ရန်လိုသည်ဟုလည်း ဆိုသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းမှ ရန်ကုန်၊ နေပြည်တော်၊ မန္တလေး၊ ပဲခူး၊ မကွေးတိုင်းတို့မှ MSME လုပ်ငန်းရှင် (၂၂) ဦးအား ယာယီမှတ်ပုံတင်လက်မှတ်များပေးအပ်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here