လားရှိုးမြို့ရှိ Sunny Hotel တွင် လက်လုပ်ရီမုမိုင်းတစ်လုံးပေါက်ကွဲ ဆိုင်ကယ် ၆ စီးပျက်စီးသွားခဲ့

0
326

ရှမ်းပြည်နယ်၊လားရှိုးမြို့၊ရပ်ကွက်(၆)၊နယ်မြေ (၁)ရှိ Sunny Hotel တွင် သြဂုတ် ၆ ရက်နံနက်ပိုင်းက လက်လုပ်ရီမုမိုင်းတစ်လုံးပေါက်ကွဲခဲ့ကြောင်း နစက ၏သတင်းထုတ်ပြန်ရေးအဖွဲ့မှ သိရသည်။

ယမန်နေ့နံနက် ၁၀ နာရီခွဲခန့်က ဆိုင်ကယ်မောင်းနှင်လာသည့် အမည်မသိအမျိုးသားတစ်ဦးသည် လားရှိုးမြို့၊ရပ်ကွက်(၆)၊နယ်မြေ(၁)ရှိ Sunny Hotel ဝန်း၏ ဆိုင်ကယ်ပါကင်နေရာအား လက်လုပ်ရီမုမိုင်းတစ်လုံးဖြင့် ဖောက်ခွဲခဲ့ကြောင်း သိရသည်။

လက်လုပ်ရီမုမိုင်းပေါက်ကွဲမှုကြောင့် ဆိုင်ကယ်ပါကင်နေရာတွင်ရပ်တန့်ထားသည့် ဆိုင်ကယ် ၆ စီးမီးလောင်ပျက်စီးဆုံးရှုံးသွားခဲ့ကြောင်း နစက ၏ သတင်းထုတ်ပြန်ရေးအဖွဲ့မှ သိရသည်။

ဖြစ်စဥ်မှ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် လုံခြုံရေးအဖွဲ့ဝင်များက ပိတ်ဆို့ရှာဖွေစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။

“မီးလောင်တာက ဗုံးကွဲတဲ့နေရာ အောက်ထပ် ကားပါကင်​နေရာမှာပါပဲ။အရင် စိန်မြဝင်းရုပ်ရှင်ရုံလေ ၊ အခု အဲ့ဝင်းက sunny hotel သိန်းထိုက် ရုပ်ရှင်ရုံ​ပေါ့။ညသန်း​ခေါင်တုန်းကလည်းပဲ ဗုံး၂လုံးကွဲသံကြားပြန်ပြီ ၊ဘယ်နားလဲ မသိ​သေးဘူး” ဟုလားရှိုးမြို့ခံတစ်ဦးက ယ​နေ့ ၇ရက်​နေ့နံနက်က ​ပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here