ရုရှား၏ နျူကလီးယား ခြိမ်းခြောက်မှုကို ဂျပန်က ဟီရိုရှီးမား နှစ်ပတ်လည်နေ့တွင်ရှုတ်ချ

0
461

ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့ အဏုမြူဗုံးကြဲချခံရမှု ၇၈ နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်​နေ့ကို သြဂုတ် ၆ရက်က ပြုလုပ်ခဲ့သည်။

ထိုပွဲတွင် နျူကလီယားလက်နက် အသုံးပြုရန် ရုရှား၏ ခြိမ်းခြောက်မှုကို ဂျပန်ဝန်ကြီးချုပ်က ပြစ်တင်ဝေဖန်ခဲ့ခြင်းဖြစ်သည်။

ဒုတိယကမ္ဘာစစ်မပြီးဆုံးမီ ၁၉၄၅ ခုနှစ် ဩဂုတ်လ ၆ ရက်နေ့တွင် ဂျပန်မြို့နှစ်မြို့ကိုအ​မေရိကန်က အဏုမြူဗုံးကြဲချခဲ့သဖြင့် ဟီရိုရှီးမားတွင် လူပေါင်း ၁၄၀,၀၀၀ ခန့် သေဆုံးခဲ့ပြီး နာဂါဆာကီမြို့တွင်  လူပေါင်း ၇၄,၀၀၀ ခန့် သေဆုံးခဲ့ကြရသည်။

“စစ်ပွဲအတွင်း အဏုမြူဗုံးဒဏ်ခံခဲ့ရတဲ့ တစ်ခုတည်းသောနိုင်ငံအနေနဲ့ ဂျပန်နိုင်ငံဟာ နျူကလီးယားကင်းစင်တဲ့ကမ္ဘာကြီးဆီ ဆက်လက်ကြိုးပမ်းသွားမှာပါ” ဟု ဟီရိုရှီးမား​နေ့တွင် ပြုလုပ်သည့် အခမ်းအနားတွင် ၀န်ကြီးချုပ် ဖူမီယို ကီရှီဒါ က ပြောကြားခဲ့သည်။

“နျူကလီးယားလက်နက်ဖျက်သိမ်းရေးနှင့် ရုရှား၏နျူကလီးယားခြိမ်းခြောက်မှုတို့နှင့်ပတ်သက်၍ နိုင်ငံတကာအသိုင်းအဝိုင်းတွင် သဘောထားကွဲလွဲမှုများ ပိုမိုများပြားလာခြင်းကြောင့် နျူကလီယားကင်းစင်​ရေး ဦးတည်ရာလမ်းကြောင်းသည် ပိုမိုခက်ခဲလာသည်” ဟု ၎င်းက ပြောကြားခဲ့သည်။

“ဒီအခြေအနေအရဆိုရင် နျူကလီးယားကင်းစင်တဲ့ကမ္ဘာကို အကောင်အထည်ဖော်ဖို့ နိုင်ငံတကာရဲ့ အရှိန်အဟုန်ကို ပြန်ယူဆောင်လာဖို့က ပိုအရေးကြီးပါတယ်” ဟု ၎င်းက ဆိုသည်။

“နျူကလီးယားလက်နက်တွေကြောင့် ဟီရိုရှီးမားနဲ့ နာဂါဆာကီကို ပျက်စီးစေခဲ့သလိုမျိုးဘယ်တော့မှ ထပ်ပြီးအဖြစ်ခံမှာမဟုတ်”ဟုကီရှီဒါ က ပြောကြားခဲ့သည်။

အခမ်းအနားတွင် အသက်ရှင်ကျန်ရစ်သူများ၊ ဆွေမျိုးများနှင့် နိုင်ငံပေါင်း ၁၁၁ နိုင်ငံမှ နိုင်ငံခြားသား ထောင်ပေါင်းများစွာသည် ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ဆုတောင်းခဲ့ကြသည်။

Source:AFP


LEAVE A REPLY

Please enter your comment!
Please enter your name here