ပွဲတိုင်း ဂိုးသွင်းယူနိုင်ပြီး အင်တာမိုင်ယာမီကို ကွာတားဖိုင်နယ် ပို့ပေးခဲ့တဲ့ မက်ဆီ

0
194

အမေရိကန်ကလပ် အင်တာမိုင်ယာမီရဲ့ကစားသမားသစ် အသင်းခေါင်းဆောင်လည်းဖြစ်တဲ့ လီယွန်နယ်မက်ဆီဟာ သူကစားတဲ့ပွဲတိုင်း ဂိုးသွင်းယူနိုင်ပြီး အင်တာမိုင်ယာမီကို ကွာတားဖိုင်နယ် အထိ ပို့ဆောင်ခဲ့ပါတယ်။

ဒီနေ့ဩဂုတ်လ ၇ ရက် နံနက်က အင်တာမိုင်ယာမီနဲ့ FC Dallas တို့ Leagues Cup ၃၂ သင်းရှုံးထွက်ပွဲစဉ်အဖြစ် ယှဉ်ပြီးကစားခဲ့ပြီး သာမန် မိနစ် ၉၀ ပြည့်ချိန်မှာ တစ်ဖက် ၄ ဂိုးစီနဲ့သရေရလဒ် ထွက်ပေါ်နေတာကြောင့် ပင်နယ်တီအဆုံးအဖြတ်ခံယူခဲ့တဲ့အခါမှာ အင်တာမိုင်ယာမီအသင်းက ၅ ဂိုး ၃ ဂိုးနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။

အဲ့ဒီပွဲစဉ်မှာ မက်ဆီဟာ ဦးဆောင်ဂိုး၊ အသင်း ၄ ဂိုး ၃ ဂိုးနဲ့ ရှုံးနိမ့်နေချိန်မှာ ချေပဂိုး သွင်းယူနိုင်ခဲ့ပါတယ်။

မက်ဆီရောက်ရှိလာပြီးနောက်ပိုင်းမှာ ရလဒ်တွေဆိုးရွားနေတဲ့ အင်တာမိုင်ယာမီအသင်းဟာ နိုင်ပွဲတွေဆက်နေခဲ့ပြီး မက်ဆီဟာဆိုရင်လည်း ၄ ပွဲ ကစားပြီးချိန်မှာ အသင်းအတွက် ၇ ဂိုး အထိ သွင်းယူပေးထားပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here