ရုရှား-ယူကရိန်းစစ်ပွဲကာလအတွင်း ဥရောပကုမ္ပဏီများ၏ တိုက်ရိုက်ဆုံးရှုံးမှုမှာ ယူရို ဘီလီယံ တစ်ရာအနည်းဆုံးရှိဟုဆို

0
217

ရုရှား-ယူကရိန်းစစ်ပွဲ စတင်ချိန်မှ ယနေ့အထိ ရုရှားဈေးကွက်ရှိ ဥရောပကုမ္ပဏီများ၏ တိုက်ရိုက်ဆုံးရှုံးမှုသည် ယူရိုငွေ ၁၀၀ ဘီလီယံ အနည်းဆုံး ရှိကြောင်း အမေရိကန်ပြည်ထောင်စု အခြေစိုက် The Financial Times(FT) သတင်းဌာနက ရေးသားဖော်ပြထားသည်။

ဥရောပအဖွဲ့များ၏ နှစ်ပတ်လည် အစီရင်ခံစာ ၆၀၀ နှင့် ၂၀၂၃ ခုနှစ် ဘဏ္ဍာရေးရှင်းတမ်းများ၏ စစ်တမ်းတစ်ခုအရ ရုရှားစီးပွားရေးလုပ်ငန်းများကို ရောင်းချခြင်း၊ ပိတ်သိမ်းခြင်း သို့မဟုတ် လျှော့ချခြင်းတို့ကြောင့် ဥရောပ ကုမ္ပဏီ ၁၇၆ ခုတို့၏ ပိုင်ဆိုင်မှုလျော့ကျသွားမှု၊ နိုင်ငံခြားငွေလဲလှယ်မှုနှင့်ပတ်သက်သည့် အခကြေးငွေများအပြင် အခြားသော ဆုံးရှုံးမှု များကို မှတ်တမ်းတင်ထားကြောင်း FT ကဆိုသည်။ “အဲဒီ ကိန်းဂဏန်းတွေမှာ စစ်ပွဲကြောင့် သွယ်ဝိုက်ထိခိုက်ဆုံးရှုံးတဲ့ မက်ခရိုစီးပွားရေး သက်ရောက်မှုတွေ၊ မြင့်မားတဲ့စွမ်းအင်ပဋိပက္ခကြောင့် ဆုံးရှုံးနစ်နာရမှုတွေ နဲ့ တခြားကုန်ကျစရိတ်တွေ မပါဝင်ပါဘူး” ဟုလည်း FT က မှတ်ချက်ပေးထားသည်။

“အကြီးမားဆုံး ထိခိုက်သည့် ဥရောပစီးပွားရေးကုမ္ပဏီများမှာ ရေနံနှင့် သဘာဝဓာတ်ငွေ့အုပ်စုများဖြစ်ကြပြီး BP၊ Shell နှင့် TotalEnergies တို့ ကုမ္ပဏီသုံးခုတည်းကပင်လျှင် ယူရို ၄၀.၆ ဘီလီယံမျှ ဆုံးရှုံးခဲ့ကြောင်း အစီရင်ခံတင်ပြခဲ့သည်” ဟု သတင်းစာက ဖော်ပြခဲ့သည်။ ရေနံနှင့် သဘာဝဓာတ်ငွေ့ ဈေးနှုန်းများ မြင့်တက်မှုကြောင့် ဆုံးရှုံးမှုမှာလည်း များပြားခဲ့ကြောင်း FT ကဆိုသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here