တရုတ်နိုင်ငံအရှေ့မြောက်ပိုင်း၌ ရေကြီးရေလျှံမှုကြောင့် ၁၄ ဦးသေဆုံး

0
285

ပေကျင်း၊ဩဂုတ် ၇

တိုင်ဖွန်းမုန်တိုင်း‌ဒေါ့ခ်ဆူရီကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်ကာ တရုတ်နိုင်ငံရှူလန်မြို့၌ ယခုသီတင်းပတ်ကုန်တွင် လူ ၁၄ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့်အပတ်ကလည်း ပေကျင်းနှင့်ဟက်ဘေး၌သေဆုံးသူ လူဦးရေ ၂၀ ကျော်ရှိခဲ့ပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လူဦးရေမည်မျှသေဆုံးနေကြောင်းကို အာဏာပိုင်များက ထုတ်ပြန်ကြေငြာခြင်းမရှိသေးပေ။

သေဆုံးသူများထဲ၌ လူပေါင်း ၅၈၇,၀၀၀ ခန့်ရှိသော မြို့၏ ဒုတိယမြို့တော်ဝန်တစ်ဦးအပါအဝင် ရှူလန်မှအရာရှိသုံးဦးလည်းပါဝင်ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက တနင်္ဂနွေနေ့နှောင်းပိုင်းတွင်ဖော်ပြခဲ့သည်။

သို့သော်ယခုအခါမြို့ပေါ်ရှိရေပမာဏသည် စိတ်ချရသည့်ပမာဏသို့ ပြန်လည်ကျဆင်းသွားပြီဖြစ်သဖြင့် အရေးပေါ်တုံ့ပြန်မှုအစီအစဉ်များကိုစတင်လုပ်ဆောင်နေပြီဖြစ်ပြီး ရေဘေးရှောင်များအားနေရာချထားရေး၊အဆောက်အအုံများပြန်လည်ပြုပြင်ရေးစသည့်ကိစ္စများ စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်းကြောင်းလည်းသိရသည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here