၂၀၂၃ ခုနှစ် (၆) လတာ ကာလအတွင်း ပြည်ပသို့ ကျွန်းသစ်တန်ချိန် (၄၈၀၀) ကျော်တင်ပို့ခဲ့

0
360

၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ (၆) လတာကာလအတွင်း ပြည်ပသို့ ကျွန်းသစ်တန်ချိန် ၄၈၂၈ ဒသမ ၃၄၄၀ တန်တင်ပို့ခဲ့ကြောင်း သစ်တောဦးစီးဌာနမှ ဒုတိယညွှန် ကြားရေးမှူးချုပ် ဒေါက်တာသန်းနိုင်ဦးက နိုင်ငံပိုင်သတင်းဌာနမှတဆင့် ပြောကြားထားသည်။

မြန်မာ့ကျွန်းသစ်ကို အိန္ဒိယနိုင်ငံ ၊ စင်ကာပူနိုင်ငံ၊ မလေးရှားနိုင်ငံ ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံ အပါအဝင် နိုင်ငံပေါင်း (၂၅) နိုင်ငံသို့ ကုမ္ပဏီပေါင်း (၅၁) ခုကတင်ပို့နေခြင်းဖြစ်ကြောင်းလည်း ၎င်း၏ ပြောကြားချက်အရ သိရသည်။

အဆိုပါ တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၉၈ သန်းကျော် ရရှိထားပြီး ဘဏ္ဍာနှစ်ဖြင့် တွက်ပါက ဧပြီလ (၁) ရက်မှ ဇူလိုင်လ (၃၁) ရက်အထိ ကုမ္ပဏီပေါင်း (၄၁) ခုမှ နိုင်ငံပေါင်း (၂၀) သို့ ကွန်တိန်နာအလုံးရေ (၂၄၂) လုံး တန်ချိန် ၂၆၁၀ ဒသမ ၁၆၅၇ တန်တင်ပို့ထားပြီး ကန်ဒေါ် လာ ၈ ဒသမ ၁၃၇ သန်း ရရှိထားကြောင်း သိရသည်။

မြန်မာ့ကျွန်းသစ်သည် ဇိမ်ခံရွက်လှေများတည်ဆောက်ရာတွင် အဓိက အသုံးပြုနေရသော ပစ္စည်းတစ်ခုအဖြစ်ရှိနေပြီး ရွက်လှေတည်ဆောက်ရေးဈေးကွက်သို့ တင်ပို့မှုများရှိနေဆဲဖြစ်ကြောင်းလည်း သိရသည်။

ဓာတ်ပုံ – မြဝတီ


LEAVE A REPLY

Please enter your comment!
Please enter your name here