ပုသိမ်မြို့၌ ရေကူးကန် ပွဲကြည့်စင်ပါ မိုးလုံလေလုံအားကစားရုံတည်ဆောက်မည်

0
285

ဧရာဝတီတိုင်း၊ ပုသိမ်မြို့၌ ရေကူးကန် ပွဲကြည့်စင်ပါ မိုးလုံလေလုံ အားကစားရုံ တည်ဆောက်သွားမည်ဖြစ်ကာ အဆောက်အဦ တည်ဆောက်ရေးလုပ်ငန်း ပန္နက်တင်အခမ်းအနားကို သြဂုတ် (၆) ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပန္နက်တင် အခမ်းအနားသို့  ဧရာဝတီတိုင်း ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ထို့နောက် ရေကူးကန် ပွဲကြည့်စင်ပါ (၃၈၀ ပေ × ၁၄၀ ပေ) မိုးလုံလေလုံအားကစားရုံ အဆောက်အဦတည်ဆောက်ရေးနှင့် ပတ်သက်၍ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မည့်အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

ထိုသို့ ရှင်းလင်းတင်ပြရာ ဧရာဝတီတိုင်း ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းမှ လုပ်ငန်းများစံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်ရေး၊ အရည်အသွေးပြည့်မီရေးနှင့် သတ်မှတ်ကာလအတွင်း ပြီးစီးအောင် ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here