သမ္မတ ဇလန်းစကီး ၏လှုပ်ရှားမှုများကိုခြေရာခံရန်ကြိုးစားသည်ဟုစွပ်စွဲချက်ဖြင့် အမျိုးသမီးတစ်ဦးကိုယူကရိန်းတွင်ဖမ်းဆီးထိန်းသိမ်း

0
287

ယူကရိန်းသမ္မတ ဇလန်းစကီး ၏ လှုပ်ရှားမှုများနှင့် ပတ်သက်၍ ရုရှားအတွက် ထောက်လှမ်းစုဆောင်းရန် ကြိုးပမ်းသည်ဟု စွပ်စွဲကာ ယူကရိန်းနိုင်ငံ Mykolaiv ဒေသမှ အမျိုးသမီးတစ်ဦးကို အာဏာပိုင်များက ထိန်းသိမ်းထားကြောင်း ယူကရိန်း လုံခြုံရေး အေဂျင်စီက တနင်္လာနေ့တွင် ပြောကြားခဲ့သည်။

စွပ်စွဲခံရသူသည် ယူကရိန်းတောင်ပိုင်း Mykolaiv ဒေသသို့ မစ္စတာ ဇလန်းစကီး သွားရောက်လည်ပတ်မည့် ခရီးစဉ်၏ အချိန်နှင့် နေရာအကွာအဝေးကို ဖော်ထုတ်ရန် ကြိုးပမ်းခဲ့ကြောင်း အဆိုပါအေဂျင်စီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

S.B.U. ဟုသိကြသော ယူကရိန်းလုံခြုံရေးအေဂျင်စီက အဆိုပါအမျိုးသမီးသည် ယူကရိန်း ခဲယမ်းမီးကျောက်များ သိုလှောင်သည့်နေရာများနှင့် အီလက်ထရွန်နစ်စစ်ဆင်ရေးစနစ်များကိုလည်း ရှာဖွေရန် လုပ်ဆောင်နေကြောင်း စွပ်စွဲကာ ရုရှားသည် ကြီးမားသော လေကြောင်းတိုက်ခိုက်မှုကို စီစဉ်ရန်အတွက် သတင်းအချက်အလက်များကို ထောက်လှမ်းနေကြောင်းကိုလည်း ဆိုထားသည်။ Mykolaiv တွင် မစ္စတာ Zelensky ၏ ခရီးစဉ်အား စုံစမ်းထောက်လှမ်းခြင်းသည် အဓိကရည်ရွယ်ထားသော ပစ်မှတ် ဟုတ်မဟုတ်ကိုမူ အတိအကျ ဆိုမထားချေ။


LEAVE A REPLY

Please enter your comment!
Please enter your name here