Jennifer Aniston တကယ်ပဲ မိခင်ဖြစ်တော့မှာလား

0
145

02-jennifer-aniston-september-glamour-black-dress-w724-copy

Jennifer Aniston  က မိခင်တစ်ယောက် ဖြစ်ဖို့ အဆင်သင့်ဖြစ်နေပုံပါပဲ။ မင်းသမီးဟာ သူမထောက်ပံ့နေကျမက်ဆီကန်မိဘမဲ့ကျောင်းက ကလေးတချို့ကို မွေး စားဖို့ လုပ်ဆောင်နေပါတယ်လို့ Radar Online သတင်းအရ သိရပါတယ်။Jennifer Aniston  က Casa Hogar Sion နဲ့ Casa Hogar de Los Ninos မိဘမဲ့ေ ကျာင်းတွေကို ပုံမှန်သွားရောက်ပြီး ကျောင်းအတွက်လိုအပ်တဲ့ အသုံး အဆောင်တွေ၊ တစ်ကိုယ်ရေနဲ့ ပတ်ဝန်းကျင် သန့်ရှင်းရေး ပစ္စည်းတွေအပြင် ကလေးတွေ အဝတ်အစား ၊ ကစားစရာ တွေကိုပါ ထောက်ပံ့ပေးလေ့ရှိပါတယ်။ အခုလို ထောက်ပံ့မှုတွေ လုပ်ဆောင်နေရတာတွေက သူမအတွက် စိတ်ပျော် ရွှင်စေပြီး ကလေး ယူဖို့အတွက်ပါ စိတ်ကူးရကြောင်း အတွင်းသတင်းအရ သိရပါတယ်။Jennifer Aniston ကJustin Theroux နဲ့အတူ အိမ် ထောင်ရေး သာယာမှုကို ရှာဖွေနေပါ တယ်။ သူမဟာ ကလေးတွေနဲ့ နေရတာကို ပျော်ရွှင်နေပြီး ကလေးမွေးစားဖို့အတွက် တော်တော် လေးကို စိတ်လှုပ်ရှားနေပါတယ်။

အခုလို Aniston ကလေးမွေးစားဖို့ လုပ်တာကBrad Pitt နဲ့ တွဲစဉ်ကတည်းက စီစဉ်နေတာဖြစ်ပြီး အခုလို ရှေ့ဆက်လုပ်ဖြစ် တာ Brad Pitt  ပေးတဲ့ ခွန် အားတွေကြောင့်ပါ။  ဘယ်လို အားပေးခဲ့လဲ ဆိုတော့ မင်းဟာ အလွန်အံ့သြဖို့ကောင်းတဲ့ မိခင်တစ်ဦးဖြစ်မှာကို ငါယုံကြည်ပါတယ်တဲ့။ အခုလို အားပေးစကားတွေက Aniston  အတွက် လိုအပ်နေတာ အသေအချာပါပဲ။


LEAVE A REPLY

Please enter your comment!
Please enter your name here