ဇူကာဘတ်နှင့် ယှဉ်ပြိုင်ထိုးသတ်မှုကို X တွင် တိုက်ရိုက်ထုတ်လွှင့်မည်ဟု အီလွန်မတ်စ် ပြော

0
240

Meta ကုမ္ပဏီ၏ CEO မာ့ခ်ဇူကာဘတ် နှင့် မိမိတို့ ယှဉ်ပြိုင်ထိုးသတ်မှုကို ယခင်က Twitter ဟုခေါ်သော X ဆိုရှယ်မီဒီယာပလက်ဖောင်းတွင် တိုက်ရိုက်ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း Tesla နှင့် အခြားကုမ္ပဏီများကို တည်ထောင်သူ X ၏ ပိုင်ရှင် အီလွန်မတ်စ် ကတနင်္ဂနွေနေ့တွင် ကြေညာခဲ့ပြီး“ရရှိငွေအားလုံးကို စစ်မှုထမ်းဟောင်းများအတွက် ပရဟိတအဖြစ် လှူဒါန်းမည်”ဟုလည်း ဆိုခဲ့သည်။

အဆိုပါ ယှဉ်ပြိုင်ထိုးသတ်ပွဲအတွက် ရက်အတိအကျ မသတ်မှတ်ရသေးသော်လည်း အဆိုပြုထားသည့်နေရာမှာမူ နီဗားဒါးရှိ UFC Apex ဖြစ်သည်။ သူတို့နှစ်စလုံး လေ့ကျင့်ရေးများလည်း ဆက်တိုက် ပြုလုပ်နေကြသည်။

“တစ်နေကုန် အလေးမပြီး ယှဉ်ပြိုင်ထိုးသတ်ဖို့အတွက် ပြင်ဆင်နေပါတယ်”ဟု အီလွန်မတ်စ်က X တွင် ရေးသားခဲ့သည်။ “သီးသန့် လေ့ကျင့်ခန်းလုပ်ဖို့ အချိန်မရှိဘူး၊ ဒါကြောင့် အလုပ်ခွင်ထဲမှာပဲ လေ့ကျင့်နေရတယ်”ဟုလည်း မတ်စ်က ဆိုသည်။

အခြား အသေးစိတ်အချက်အလက်များကိုမူ သူက ပြောပြခြင်းမရှိသေးချေ။


LEAVE A REPLY

Please enter your comment!
Please enter your name here