ယူကရိန်း – ရုရှားအရေးဘက်မလိုက်ပဲ ရပ်တည်မည်ဟုတရုတ်ဆို

0
272

ပေကျင်း၊ဩဂုတ် ၈

တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယီက ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလားရော့ဗ်နှင့်ဖုန်းပြောဆိုရာ၌ တရုတ်နိုင်ငံသည် ယူကရိန်းအရေးနှင့်ပတ်သက်၍ နိုင်ငံရေးအရပြေလည်မှုရရှိရန် ကြိုးပမ်းရာ၌ လွတ်လပ်ပြီး ဘက်မလိုက်သော ရပ်တည်ချက်ကို လက်ကိုင်ထားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးက နိုင်ငံတကာဘက်ပေါင်းစုံဖိုရမ်များတွင် တရုတ်နိုင်ငံအနေဖြင့် ဓမ္မဓိဌာန်ကျကျ နှင့် ကျိုးကြောင်းဆီလျော်သော အာဘော်ဖြင့်သာ ငြိမ်းချမ်းရေးဆွေးနွေးမှုများကို တက်ကြွစွာဆောင်ရွက်သွားမည်ဟုလည်းပြောကြားခဲ့သည်။

တရုတ်၊အိန္ဒိယ၊အမေရိကန်နှင့် ဥရောပနိုင်ငံများအပါအဝင်နိုင်ငံပေါင်း ၄၀ ကျော်သည် တနင်္ဂနွေနေ့ကပြုလုပ်ပြီးဆုံးခဲ့သော Jeddah ဆွေးနွေးပွဲတွင်ပါဝင်ဆွေးနွေးခဲ့ကြသော်လည်း ရုရှားပါဝင်ခြင်းမရှိကြောင်းသိရသည်။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင်စတင်ခဲ့သော ယူကရိန်းသို့ကျူးကျော်မှုအတွက်ကိုမူ မော်စကိုအား ရှုံ့ချရန် ပေကျင်းကငြင်းဆိုထားပြီး ရုရှားနှင့်ယူကရိန်းနှစ်နိုင်ငံစလုံးအပေါ် ကောင်းမွန်သောတုံ့ပြန်မှုများပြုလုပ်ခဲ့သော်လည်း အမေရိကနှင့် နေတိုးတို့ကမူသံသယရှိနေခဲ့သည်။

တရုတ်သည် ရုရှား – ယူကရိန်းအရေးနှင့်ပတ်သက်၍ ၎င်း၏ကိုယ်ပိုင်ငြိမ်းချမ်းရေးအစီအစဉ်ကို ကမ်းလှမ်းထားသောနိုင်ငံတစ်နိုင်ငံလည်းဖြစ်သည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here