ပြင်ဦးလွင်တွင် Suzuki Carry ယာဉ်မှ ဘရိတ်ပေါက်၍ ၁၂ ဘီးကားအား၀င်တိုက်မိမှုကြောင့် ၁ ဦးသေ ၄ ဦးဒဏ်ရာရ

0
310

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့တွင် Suzuki Carry ယာဉ်သည် ဘရိတ်ပေါက်၍ ၁၂ ဘီးကားအား၀င်တိုက်မိမှုကြောင့် ၁ ဦးသေ ၄ ဦးဒဏ်ရာရမှု ယနေ့ဩဂုတ်လ ၈ ရက်နံနက်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ပြင်ဦးလွင်မြို့၊ရေသရောက်ကုန်းကျေးရွာ၊ မန္တလေး-လားရှိုးအဆင်းလမ်း၊ မိုင်တိုင်အမှတ် (၅၀/၂)တွင် ယနေ့နံနက် ၁၁ နာရီ ၃၀ မိနစ်ခန့်က Suzuki Carry (အဖြူရောင်)ယာဉ်သည် ဘရိတ်ပေါက်၍ Nissan Diesel (၁၂) ဘီး (အပြာရောင်)ယာဉ်အား ဝင်ရောက်တိုက်မိမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်ကြောင့် ပြင်ဦးလွင်ခရိုင်/မြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်ခဲ့ရသည်။

ယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် Suzuki Carry (အဖြူရောင်) ယာဉ်ပေါ်ပါ ကျား (၃)ဦး အနက် ကျား (၁)ဦး(သေဆုံး)၊ ကျား(၂)ဦး ထိခိုက်ဒဏ်ရာ(စိုးရိမ်ရ)နှင့် Nissan Diesel (၁၂)ဘီး(အပြာရောင်)ယာဉ်ပေါ်ပါ ကျား(၂)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့သည့်အတွက် သန္တိသုခလူမူကူညီရေးအသင်းယာဉ်ဖြင့် ပြင်ဦးလွင်ပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။

Photo – MFSD


LEAVE A REPLY

Please enter your comment!
Please enter your name here