မော်စကိုသို့ဦးတည်လာနေသည့် ယူကရိန်းဒရုန်းနှစ်စင်းအားပစ်ချခဲ့ဟုရုရှားဆို

0
247

မော်စကို၊ဩဂုတ် ၉

ရုရှား – ယူကရိန်းအရေး၌ မြို့တော်ကိုပစ်မှတ်ထား၍ ဒရုန်းဖြင့်တိုက်ခိုက်မှုများ အရှိန်အဟုန်မြင့်လာခဲ့ပြီး မော်စကိုသို့ဦးတည်လာသော ယူကရိန်းတိုက်ခိုက်ရေးဒရုန်းနှစ်စင်းကိုပစ်ချခဲ့ကြောင်း ရုရှားအာဏာပိုင်များကပြောကြားခဲ့သည်။

“မြို့ထဲကို တိုက်ခိုက်ရေးဒရုန်းနှစ်စင်း ပျံသန်းဖို့ ကြိုးပမ်းလာလို့ လေကြောင်းရန်ကာကွယ်ရေးကနေပစ်ချနိုင်ခဲ့ပါတယ်” ဟု မော်စကိုမြို့တော်ဝန် ဆာဂေးဆိုဘီယန်နင်ကပြောကြားခဲ့သည်။

ယူကရိန်းဘက်က မောင်းသူမဲ့လေယာဉ်တွေကို အသုံးပြုပြီး တိုက်ခိုက်ဖို့ကြိုးစားခဲ့သည်ဟုလည်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနကပြောကြားခဲ့သည်။

ယခုတလောတွင် ယူကရိန်းဘက်မှ ဒရုန်းဖြင့်တိုက်ခိုက်မှုများ ခပ်စိပ်စိပ်ပြုလုပ်လာပြီး ရုရှားက ပစ်ချရသည်မှာ စုစုပေါင်း ၇ စီးရှိပြီဖြစ်သည်ဟုလည်းသိရသည်။

ဇူလိုင်လ ၃၀ ရက်နေ့တွင် ယူကရိန်းသမ္မတဇလန်းစကီးက “စစ်ပွဲ” သည်ရုရှားသို့တစ်ဖန်ရောက်ရှိလာပြီဖြစ်ပြီး နိုင်ငံ၏ “သင်္ကေတ နေရာများနှင့်စစ်အခြေစိုက်စခန်းများ” သည်ပစ်မှတ်များဖြစ်လာနိုင်ကြောင်းလည်းသတိပေးခဲ့သည်။

Source : AFP


LEAVE A REPLY

Please enter your comment!
Please enter your name here