မော်လိုက်မြို့အနီး ဗဟိုပြု၍ အင်အားအနည်းငယ်ရှိ ငလျင်လှုပ်ခတ်ခဲ့

0
263

သြဂုတ် ၉ ရက်(ယနေ့)မွန်းလွဲပိုင်းက မော်လိုက်မြို့အနီးကို ဗဟိုပြု၍ အင်အားအနည်းငယ်ရှိသော ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း မြန်မာနိုင်ငံ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

ယနေ့မွန်းလွဲ ၂ နာရီ၊ ၂၃ မိနစ်၊ ၅၁ စက္ကန့်က မော်လိုက်မြို့၏ မြောက်-အရှေ့မြောက်ဘက်(၁၂)မိုင်ခန့်အကွာ)၊မြောက်လတ္တီတွဒ်(၂၃ ဒသမ ၇၇)ဒီဂရီ ၊ အရှေ့လောင်ဂျီတွဒ်(၉၄ ဒသမ ၅၃)ဒီဂရီ၊ အနက် (၅၂)ကီလိုမီတာအားဗဟိုပြု၍ အင်အားရစ်(ခ်) တာစကေး(၄ ဒသမ ၂)အဆင့်ရှိ အင်အားအနည်းငယ်ရှိ ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ မြေငလျင်လှုပ်ခတ်မှုအား တမူးမြေငလျင်စခန်းမှ တိုင်းထွာရရှိခဲ့ခြင်းဖြစ်ကြောင်း မိုးဇလမှထုတ်ပြန်ခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here