ဇူလိုင်အထိ EVမော်တော်ယာဉ်အစီးရေ (၅၇၀)ကျော် မှတ်ပုံတင်ထား

0
315

EV လျှပ်စစ်သုံး မော်တော်ယာဉ်များ စတင်တင်သွင်းသည့်အချိန်မှစ၍ ဇူလိုင်လထိ EV လူစီးမော်တော်ယာဉ် ( ၅၇၉ )စီး မှတ်ပုံတင်ထားကြောင်း ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။

EV ကဏ္ဍဖွံ့ဖြိုးတိုးတက်ရန်အတွက် အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့်ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီက လျှပ်စစ်သုံးယာဉ် အမျိုးအစားများအတွက် အခွန်နှုန်းထားများကို သုညရာခိုင်နှုန်းအထိ လျှော့ချသတ်မှတ်ထားခြင်းဖြစ်သည်။

ထို့ပြင် EV လျှပ်စစ်သုံး နှစ်ဘီး၊ သုံးဘီယာဉ်အစီး‌ရေ ( ၂၄၅၄) စီး ဇူလိုင်လကုန်အထိ မှတ်ပုံတင်ခွင့်ပြုထားပြီးဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် EV လျှပ်စစ်သုံးမော်တော်ယာဉ် အမျိုးမျိုး (၃၀၃၃) စီးကို ခွင့်ပြုပေးထားကြောင်း ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here