ဆင်းရဲမွဲတေမှု လျှော့ချနိုင်ရေးအတွက်ဒေသအလိုက်လုပ်ငန်းများဖွံ့ဖြိုးရေးနှင့် တရားမဝင်ကုန်သွယ်မှုဖော်ထုတ်ရေးတို့ထည့်သွင်းပြောသွားသည့်အစည်းအဝေး

0
144

မြန်မာနိုင်ငံ၏ ဆင်းရဲမွဲတေမှုရာခိုင်နှုန်းကို လျော့ချနိုင်ရေးနှင့်ပတ်သက်၍ နစက ဥက္ကဋ္ဌမှ သြဂုတ် ၉ ရက်မွန်းလွဲပိုင်းက တိုင်းနှင့်ပြည်နယ်ဝန်ကြီးချုပ်များနှင့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့်တိုင်းဥက္ကဋ္ဌများအား တွေ့ဆုံအမှာစကားပြောကြားစဥ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“တစ်ဦးချင်းဝင်ငွေများပြားမှသာ ဆင်းရဲမွဲတေမှုကိုလျှော့ချနိုင်မည်ဖြစ်ပါတယ်၊ဒါ့ကြောင့် တိုင်းနဲ့ပြည်နယ်တွေအလိုက် ဒေသစီးပွားရေးတိုးတက်စေဖို့ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေ ခရီးသွားလုပ်ငန်းတွေ ဝန်ဆောင်မှုလုပ်ငန်းတွေ စက်မှုကုန်ထုတ်လုပ်ငန်းတွေကို ဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ကြစေလိုပါတယ်”ဟု နစက ဥက္ကဋ္ဌကမှာကြားသည်။

နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် စာရင်းဇယားများ၌ တိုးတက်ခြင်းထက် လက်တွေ့တိုးတက်မှုရှိအောင် ဆောင်ရွက်ရမည်ဖြစ်၍ နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်ရန် တိုင်းနှင့်ပြည်နယ်ဝန်ကြီးချုပ်များအားလုံးက ဝိုင်းဝန်းတွန်းအားပေးဆောင်ရွက်ကြရမည်ဟု မှာကြားသည်။

ထို့ပြင် တရားမဝင်ကုန်သွယ်မှုများတိုက်ဖျက်ရေးဆောင်ရွက်ရမည်ဖြစ်ကာ နယ်စပ်ကုန်သွယ်မှုများတွင် တရားမဝင်ကုန်သွယ်မှုများကြောင့် နိုင်ငံ့ဝင်ငွေများကို ထိခိုက်နစ်နာစေလျက်ရှိသည်ဟု ဆိုသည်။

ပြည်ပသို့ကုန်သွယ်မှုများဆောင်ရွက်ရာတွင် တရားဥပဒေနှင့်အညီ မှန်မှန်ကန်ကန်ဆောင်ရွက်ရန်လိုအပ်ကာ ဥပဒေဖောက်ဖျက်ဆောင်ရွက်မှုများကိုလည်း ဖော်ထုတ်အရေးယူသွားရမည်ဟု နစက ဥက္ကဋ္ဌကမှာကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here